ဆီးဒင်ယန် စစ်ကောင်စီ တပ်စခန်းကို ကေအိုင်အေ ဝင်တိုက် စစ်ကောင်စီစစ်သားနှစ်ဦး သေကာ စခန်းမီးရှို့ခံရ
31 July 2021 - Kachinwaves
ကချင်ပြည်နယ် နမ္မတီးမြို့ ဆီးဒင်ယန် ကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေ ဝင်တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီစစ်သားနှစ်ဦးကျပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီး ခံခဲ့ရကြောင်း သတင်းရရှိသည်။
လက်နက်အချို့လည်း သိမ်းဆည်းရမိသည်ဟု ကြားရကြောင်း ဒေသခံတစ်ဦးကဆိုသည်။
အဆိုပါ တပ်စခန်းကို ယနေ့နံနက်ပိုင်း ကေအိုင်အေ မှ သွားတိုက်ခဲ့ပြီး နံနက် ၄ နာရီကနေ ၆ နာရီခန့်ထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရမ်းသန်းပစ်ခတ်သည့် လက်နက်ကြီးထိကာ အသက် ၅၀ ကျော်အရွယ် ဒေသခံဖြစ်သူဦးမိုးကျော် သေဆုံးခဲ့ရကြောင်းလည်း ဒေသခံတစ်ဦးကဆိုသည်။
ဇူလိုင် ၃၀ ရက် နံနက်ပိုင်းကလည်း ဝိုင်းမော်မြို့၊ မိုးကောင်းမြို့ စသည့် အနီးဝန်းကျင်ရှိ စစ်ကောင်စီ တပ်စခန်းနေရာများကို ကေအိုင်အေ မှ ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
Kachinwaves
ဆီးဒင်ယန် စစ်ကောင်စီ တပ်စခန်းကို ကေအိုင်အေ ဝင်တိုက် စစ်ကောင်စီစစ်သားနှစ်ဦး သေကာ စခန်းမီးရှို့ခံရ
Reviewed by THITHTOOLWIN
on
18:27
Rating:

No comments:
Post a Comment