![]() |
ရေကြီးရေလျှံမှုတွေ ဖြစ်လာတဲ့ အတွက် ကိုဗစ် လူနာကို နေရာရွှေ့ပေးကြစဥ်။ ဇူလိုင် ၂၆၊ မြဝတီမြို့။ |
ကိုဗစ်နိုင်တင်း ကပ်ရောဂါကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေကို အားပေးကူညီတဲ့ အနေနဲ့ ၁၀ လီတာ အောက်ဆီဂျင်ထုတ်စက် အလုံး ၂၀၀ ပေးသွားမယ်ဆိုပြီး စင်္ကာပူ အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင်လ ၂၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။
စင်္ကာပူ ကြက်ခြေနီ အသင်း SRC ရဲ့ လမ်းကြောင်းကနေတဆင့် အဲဒီ အောက်စီဂျင် ကွန်ဆန်ထရိတ်တာ စက်တွေကို ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
SRC အနေနဲ့ မြန်မာ ကြက်ခြေနီ အသင်းနဲ့ အတူ လက်တွဲပြီး စင်္ကာပူက ကူညီတဲ့ အောက်ဆီဂျင် စက်တွေကို ကိုဗစ်ဒဏ် ခံနေရတဲ့ မြန်မာ လူမှု အသိုင်းအဝိုင်းတွေထဲ ဖြန့်ဝေ ပေးသွားမယ် ဆိုပြီး စင်္ကာပူ နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်ထဲ တွေ့ရပါတယ်။
စင်္ကာပူ အစိုးရက မြန်မာကို ကိုဗစ်ရှိမရှိ စစ်တဲ့ PCR စက်တွေ အပါအဝင် စစ်ဆေးရာမှာ လိုအပ်တဲ့ ပစ္စည်းတွေ၊ ဆေးရုံသုံး မျက်နှာအကာအကွယ်တွေ၊ လက်ကိုလိမ်းရတဲ့ ပိုးသတ်ဆေးရည်တွေနဲ့ တခြား ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေကို ပေးအပ်ထားနှင့်ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကိုဗစ် နိုင်တင်း ကပ်ရောဂါကို ရင်ဆိုင်နေကြတဲ့ မြန်မာပြည်သူတွေနဲ့ အတူ တသားတည်း ရပ်တည်တယ်လို့လည်း စင်္ကာပူ နိုင်ငံခြားရေးဌာနက ဆိုထားပါတယ်။
BBC Burmese

No comments:
Post a Comment