ပြည်မြို့အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအတွက် မိသားစုဝင်များ စိုးရိမ်နေရ


ပြည်၊ ဇူလိုင် ၂၄ ၊ ၂၀၂၁။

ပြည်မြို့အကျဉ်းထောင်တွင်းရှိ နိုင်ငံရေးပုဒ်မများဖြင့် မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများအတွက် လည်းကောင်းတို့၏ မိသားစုဝင်များက အထူးစိုးရိမ်နေရကြောင်း သိရသည်။ 

"အကိုက ကျန်းမာရေးသိပ်ကောင်းတာမဟုတ်ဘူး၊ ထောင်ထဲမှာ လူတွေကလည်းကြပ် အဲ့ဒါအပြင် ကျန်းမာရေးကိုလဲ သေသေချာချာ ဂရုစိုက်ပေးကြမှာမဟုတ်တော့ပိုစိုးရိမ်ရတယ်။ အခုဆိုရင် ထောင်ကိုလော့ဒေါင်းချထားတော့ ထောင်ဝင်စာတောင် သွားလို့မရတော့ဘူး" ဟု နိုင်ငံရေးအကျဉ်းသားတဦး၏ မိသားစုဝင်က မြေလတ်အသံကိုပြောသည်။

ယခင်ရက်များက ပြည်အကျဉ်းထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားတဦးတွင် Covid-19 ရောဂါတွေ့ရှိရသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ ပြောဆိုထားသော်လည်း အကျဉ်းထောင်ဖက်မှ မည်သည့်အတည်ပြုချက်မှ ထုတ်ပြန်ထားခြင်း မရှိသေးပါ။ 

"သူတို့(နိုင်ငံရေးအကျဉ်းသားများ)က ဘာအပြစ်မှလုပ်ထားတာမဟုတ်ပဲ စကစ ကမတရားဖမ်းထားတာဖြစ်တယ်။ အခုဆိုရင် ထောင်ထဲမှာ ကျန်းမာရေးနဲ့ပက်သက်ပြီး ဘာမှ ပြင်ဆင်ပေးထားတာလဲ မရှိဘူးလို့ ကြားတယ်။ ဒီပုံအတိုင်းသာဆိုရင် အထဲမှာရှိတဲ့ ကျနော်တို့ရဲဘော်တွေအတွက် တကယ်စိုးရိမ်ဖို့ ကောင်းတယ်" ဟု ပြည်မြို့ရှိ တက်ကြွလှုပ်ရှားသူ လူငယ်တဦးက ပြောသည်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်အကျဉ်းထောင်တွင် ပြည်မြို့နှင့် အနီးတစ်ဝိုက်မှ မတရားဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂၅၂ ဦးအား ဖမ်းဆီးထားကြောင်း သိရသည်။


မြေလတ်အသံ - Myaelatt Athan 

https://www.facebook.com/myaelattathan

ပြည်မြို့အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအတွက် မိသားစုဝင်များ စိုးရိမ်နေရ ပြည်မြို့အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအတွက် မိသားစုဝင်များ စိုးရိမ်နေရ Reviewed by THITHTOOLWIN on 20:31 Rating: 5

No comments:

Powered by Blogger.