မင်းတပ်စစ်ရှောင်တွေ ကုလအကူအညီရရေး ညှိနှိုင်းပေးမယ်လို့ မြို့မိမြို့ဖ ကမ်းလှမ်း

ချင်းပြည်နယ် မင်းတပ်အတွက် ကမ္ဘာ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCRကနေ စစ်ဘေးရှောင် ကူညီရေး စခန်းတွေအတွက် သယ်ဆောင်လာတဲ့ပစ္စည်းတွေမှာ တချို့ဟာ စစ်ကောင်စီဘက်က ခွင့်ပြုချက်မရလို့ ဒုက္ခသည်တွေဆီ အကုန်မရောက်နိုင်ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီမနက်မှာ ဝေခွဲရေးတွေ လုပ်နေပေမဲ့ လက်ရှိ ထောက်ပံ့နေတဲ့ပစ္စည်းတွေဟာ မြို့ပေါ်က စစ်ကောင်စီသတ်မှတ်ထားတဲ့ စစ်ဘေးရှောင်စခန်း ၈ ခုအတွက်ပဲဖြစ်ပြီး ကျန်တောတောင်တွေထဲ ပုန်းနေရသူနဲ့ မင်းတပ်အနီးအနားက ရွာတွေအတွက်တော့ မရောက်နိုင်ဖြစ်တယ်လို့ မင်းတပ်မြို့ ခရစ်ယာန် သာသနာပြု ဆရာတော် ရှယ်ဟာဟုမ်းက ပြောပါတယ်။

အခုကိစ္စ နဲ့ ပတ်သက်လို့ မြို့မိမြိုဖတွေဘက်က နှစ်ဖက်လက်ခံမယ်ဆိုရင် ဝင်ရောက်ညှိနှိုင်းပေးဖို့ အသင့်ဖြစ်တယ်လို့ ဆရာတော် ရှယ်ဟာဟုမ်းက ဆိုပါတယ်။

လုံခြုံရေးအခြေအနေ တာဝန်မယူနိုင်တာကြောင့် ကျန်စစ်ရှောင် စခန်းတွေဆီ ပို့ဆောင်ရေး ခက်ခဲနေတာဖြစ်တယ်လို့ သိရပါတယ်။

UNHCR ဘက်ကတော့ စစ်ကောင်စီ အသိအမှတ်မပြုတဲ့ ဒုက္ခသည် စခန်းတွေအတွက်ပါ ပစ္စည်းတွေ ယူဆောင်လာတာဖြစ်ပြီး တကယ်လို့ အဲဒီပစ္စည်းတွေကို မပေးနိုင်ဘူးဆိုရင် မင်းတပ်မြိုမှာလည်း ထားစရာ မရှိတာကြောင့် ပြန်ယူသွားနိုင်တယ်လို့ ဆရာတော်က ဆိုပါတယ်။

UNHCR ဘက်ကတော့ မင်းတပ်က မြို့မိမြို့ဖတွေနဲ့ပါ ဆွေးနွေးပြောဆို သွားမယ်လို့ ပြောပေမယ့် အခုချိန်အထိ ဖိတ်ကြားချက် တစုံတရာမရသေးဘူးလို့ ဆရာတော်က ဆိုပါတယ်။

မင်းတပ်မြို့ပေါ်မှာ အခုဆိုရင် ကိုဗစ်သံသယ လူနာတွေလည်း တွေ့ရှီလာရပြီ ဖြစ်တာကြောင့် ကိုဗစ် ကာကွယ်ရေးနဲ့ ဆိုင်တဲ့ ပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ မင်းတပ်မြို့ မိတ်ဆွေ လူမှုကူညီရေးက ကိုလိန်းလောက ပြောပါတယ်။

UNHCR ရဲ့ထုတ်ပြန်ချက်အရ သယ်ဆောင်လာတဲ့ ပစ္စည်းတွေထဲမှာ ကိုဗစ်ကာကွယ်ရေးအသုံးအဆောင် တာပေါ်လင် ခြင်ထောင်၊ စောင်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ ပါဝင်ပြီး မင်းတပ်က အိမ်ထောင်စု တစ်ထောင်ကျော် လူဦးရေ ၅၀၀၀ အတွက် ရည်ရွယ်ထောက်ပံ့မယ်လို့ ပါရှိပါတယ်။

ဒါပေမဲ့ လက်ရှိ မင်းတပ်မြို့မှာ စစ်ကောင်စီဘက်က ဖွင့်လှစ်ထားတဲ့ စခန်းတွေမှာ နေထိုင်နေသူတွေဟာ အနည်းငယ်ပဲရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် မိမိနေအိမ်တွေမှာ နေထိုင်နေသူတွေနဲ့ မြို့ပေါ်က မဟုတ်ဘဲ တောတောင် ကျေးလက်ကရွာတွေက စစ်ဘေးရှောင်တွေအတွက်လည်း အကူအညီတွေ ပေးဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57783160

မင်းတပ်စစ်ရှောင်တွေ ကုလအကူအညီရရေး ညှိနှိုင်းပေးမယ်လို့ မြို့မိမြို့ဖ ကမ်းလှမ်း  မင်းတပ်စစ်ရှောင်တွေ ကုလအကူအညီရရေး ညှိနှိုင်းပေးမယ်လို့ မြို့မိမြို့ဖ ကမ်းလှမ်း Reviewed by THITHTOOLWIN on 21:41 Rating: 5

No comments:

Powered by Blogger.