မြန်မာ့ဒီမိုကရေစီရေး နောက်ကြောင်းပြန်သူတွေကို အရေးယူနိုင်ရေး အမေရိကန် အားပေးတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် ပြောဆို

စစ်တပ်က အကြမ်းဖက် ဖိနှိပ်နေတာတွေ ရပ်ဖို့လည်း ဝန်ကြီးဘလင်ကင် တောင်းဆို

မြန်မာပြည်သူတွေဟာ သူတို့ ကိုယ်တိုင် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရ ပြည်လည် အသက်ဝင်နိုင်အောင် ကြိုးပမ်းနေတာကို အမေရိကန်ပြည်ထောင်စုက ခိုင်ခိုင်မာမာ အတူတကွ ရပ်တည်ပေးနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်က သူ့ရဲ့ တွစ်တာ စာမျက်နှာကနေ တဆင့် ထုတ်ပြန်ပါတယ်။

မြန်မာ အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း ဝန်ကြီး ဘလင်ကင်က ဆိုပါတယ်။

အဲဒီလို တွေ့ဆုံရတဲ့အတွက် ဝမ်းမြောက်ကြောင်း ပြောရင်းမှာပဲ မြန်မာပြည် ဒီမိုကရေစီလမ်းပေါ် ပြန်ရောက်အောင် လှုပ်ရှားရုန်းကန်မှုတွေမှာ အမေရိကန် ပြည်ထောင်စုက အတူတကွ ရပ်တည်ကြောင်း ဝန်ကြီး ဘလင်ကင်က ထပ်လောင်း ကတိပြု ပြောဆိုတာ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေ အပေါ်စစ်တပ်က အကြမ်းဖက် ဖိနှိပ်နေတာတွေ ရပ်ဖို့လည်း အမေရိကန်က တောင်းဆိုကြောင်း ဝန်ကြီးဘလက်က ရေးသားထားပါတယ်။

မြန်မာ အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံခဲ့ကြောင်း ပြောခွင့်ရ နက်ဒ်ပရိုက်စ်ကလည်း အတည်ပြုပါတယ်။

မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နောက်ကြောင်းပြန် ပြောင်းလဲပစ်သူတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ကြသူတွေကို အပြစ်ပေး အရေးယူနိုင်ရေးမှာလည်း အမေရိကန် အစိုးရက အားပေးကူညီမယ့် အကြောင်း ဝန်ကြီး ဘလင်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာအရပ်ဘက်အဖွဲ့တွေနဲ့ တွေ့ဆုံ


BBC Burmese

https://www.bbc.com/burmese/live/burma-57652919

မြန်မာ့ဒီမိုကရေစီရေး နောက်ကြောင်းပြန်သူတွေကို အရေးယူနိုင်ရေး အမေရိကန် အားပေးတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် ပြောဆို  မြန်မာ့ဒီမိုကရေစီရေး နောက်ကြောင်းပြန်သူတွေကို အရေးယူနိုင်ရေး အမေရိကန် အားပေးတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် ပြောဆို Reviewed by THITHTOOLWIN on 00:09 Rating: 5

No comments:

Powered by Blogger.