အာဏာသိမ်းပြီးနောက်ပိုင်း ရှေ့နေ ၆ ဦးထက်မနည်းအဖမ်းခံရ



Share/Bookmark
ဆန္ဒပြပွဲအနီးက မြန်မာစစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်များ ဖေော်ဝါရီ ၁၉၊ ၂၀၂၁။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ လအတွင်း တရားလွှတ်တော်ရှေ့နေ အနည်းဆုံး ၆ ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ဇူလိုင်လ ၂ ရက်၊ ဒီကနေ့ ရက်စွဲနဲ့ အစီရင်ခံစာ တစောင် ထုတ်ပြန် လိုက်ပါတယ်။ အခုလို ဥပဒေပညာရှင်တွေကိုဖမ်းဆီးတာဟာ အမှုသည်တွေအတွက်ဥပဒေရေးရာအကြံပေးချက်နဲ့ တရားမျှတစွာ အမှုစစ်ဆေးခံခွင့်တို့ ဆုံးရှုံးသွားစေပြီး ဥပဒေရေးရာမှာ လွတ်လပ်စွာဆောင်ရွက်ခွင့်ကို အားလျော့သွားစေကြောင်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“ဖေဖေါ်ဝါရီလ ၁ ရက်၊ စစ်အာဏာသိမ်းပြီးကတည်းက အဖမ်းခံထားရသူတွေဘက်က ဥပဒေကြောင်းအရ ခုခံကာကွယ် ပေးသူတွေကို ဖမ်းဆီး တရားစွဲတာဟာ ထိတ်လန့်စရာကောင်းတဲ့ သတိပေးချက်မျိုးဖြစ်တဲ့အကြောင်းနဲ့ ဒီလုပ်ရပ်ဟာ ရာဇဝတ်မှုမြောက်တဲ့ တရားစွဲဆိုခြင်းအဖြစ်ကို ဦးတည်သွားစေနိုင်ကြောင်း HRW အဖွဲ့ရဲ့ အာရှဆိုင်ရာ ဥပဒေအကြံပေး Linda Lakhdhir က ပြောပါတယ်။ ရှေ့နေတွေဟာ ခြိမ်းခြောက်တာ၊ အဖမ်းဆီးခံရမှာတွေကို ကြောက်လန့်နေစရာမလိုဘဲ သူတို့အလုပ်သူတို့လုပ်ခွင့်ရသင့်တယ်လို့လည်း သူက ပြောပါတယ်။ အဖမ်းခံရတဲ့ ၆ ယောက်ထဲမှာ ၃ ယောက်ဟာ တရားခွင်မှာ အမှုစစ်နေချိန် အဖမ်းခံခဲ့ကြရတာဖြစ်ပါတယ်။ ဦးသိန်းလှိုင်ထွန်း ကို မေလ ၂၄ ရက်နေ့က နေပြည်တော်တရားရုံးမှာ ရာထူးကဖယ်ရှားခံရသူ မြို့တော်ဝန် ဒေါက်တာ မျိုးအောင်ရဲ့အမှုကြားနာပြီးနောက် ဖမ်းပါတယ်။ ဒေါ်ဧရာလင်းထွဋ်ကို မေလ ၂၇ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တရားရုံးမှာ ဖမ်းပါတယ်။ ကချင်ပြည်နယ်ထဲက နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော်အတွက် အမှုလိုက်ပေးနေတဲ့ ဦးသက်ထွန်းဦးကို ဇွန်လ ၂ ရက်နေ့က မြစ်ကြီးနားတရားရုံး တက်ဖို့ ကြိုးစားချိန်မှာ ဖမ်းပါတယ်။ နောက်ထပ် အဖမ်းခံရတဲ့ ဥပဒေအကျိုးဆောင်တွေကတော့ ဒေါ်မေဇွန်ကို၊ ဒေါ်နီလာနဲ့ ဘုန်းမြတ်သူတို့ ဖြစ်ကြပါတယ်


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/5950846.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ