ကိုဗစ်ကူးစက်မှုကြောင့် တစ်ရက်တည်း သေဆုံးသူ ၁၀၀ ကျော်ရှိ၊ ကူးစက်သူ အသစ် ၄၀၄၇ ဦးတွေ့


ကိုဗစ်ကူးစက်သူတွေ နေ့စဥ် ထောင်ချီကူးစက်နေပြီး ကုသမှုခံယူရေး အခက်အခဲရှိနေချိန်မှာ ဒီကနေ့ ကိုဗစ်ကူးစက်မှုကြောင့် တစ်နေ့တည်း သေဆုံးသူ ၁၀၉ ဦး ရှိပြီး ကူးစက်သူ အသစ် ၄၀၄၇ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။

အခုချိန်ထိ မြန်မာနိုင်ငံမှာ စုစုပေါင်း ကူးစက်သူ ၂၀၁,၂၇၄ ဦး ရှိပြီး သေဆုံးသူ ၄,၀၃၆ ဦး ရှိပြီ ဖြစ်ပါတယ်။

ကူးစက်မှု များပြားလာတာနဲ့အတူ ကိုဗစ်ကူးစက်သူနဲ့ သံသယလူနာတွေ ကုသမှု ခံယူရမယ့်နေရာ အခက်အခဲနဲ့ အောက်ဆီဂျင် လိုအပ်မှုတွေမြင့်မားနေပြီး Stay at home သတ်မှတ်ထားတဲ့ မြို့နယ်နဲ့ဒေသလည်း ၆၄ခုအထိ ရှိနေပါပြီ။

အောက်ဆီဂျင် အခက်အခဲနဲ့ ပတ်သက်ပြီး အောက်ဆီဂျင်ကိစ္စကို နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ဆောင်ရွက်နေတဲ့လူတွေ ရှိတယ်လို့ အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စစ်ကောင်စီဟာ ပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမူနှုန်းများပြားနေချိန်မှာပဲ လူသားချင်းစာနာထောက်ထားမူမရှိဘဲ ပြည်သူလူထုကိုဖိနှိပ်ဖို့ ကိုဗစ်ရောဂါကို လက်နက်လို အသုံးချနေတယ်ဆိုပြီး ဒီကနေ့ ပြောဆိုလာပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57783160

ကိုဗစ်ကူးစက်မှုကြောင့် တစ်ရက်တည်း သေဆုံးသူ ၁၀၀ ကျော်ရှိ၊ ကူးစက်သူ အသစ် ၄၀၄၇ ဦးတွေ့ ကိုဗစ်ကူးစက်မှုကြောင့် တစ်ရက်တည်း သေဆုံးသူ ၁၀၀ ကျော်ရှိ၊ ကူးစက်သူ အသစ် ၄၀၄၇ ဦးတွေ့ Reviewed by THITHTOOLWIN on 21:11 Rating: 5

No comments:

Powered by Blogger.