ပူတာအို ဒေသခံများ၏ တူမီးသေနတ် နှင့် ငွေသားအချို့ကို အာဏာသိမ်းစစ်တပ်က သိမ်းယူ

July 2,2021

ပူတာအိုမြို့နယ် လုန်ရှာယာန်အုပ်စု တန်ဂျာကျေးရွာတွင် အာဏာသိမ်းစစ်တပ်က လုံခြုံရေးခေါင်းစဉ်ဖြင့် ကျေးရွာအတွင်း လူနေအိမ်များနှင့် ဘာသာရေးကျောင်းများတွင် ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ဒေသခံများ၏ တူမီးနှင့် ငွေသားတစ်ချို့ သိမ်းယူသွားကြောင်း သိရသည်။

ယနေ့ နံနက် ၇နာရီဝန်းကျင်ခန့်တွင် စစ်အင်အား ၃၀ ခန့်က ကျေးရွာနေအိမ်များကို ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ယခုလိုသိမ်းယူသွားခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“သူတို့က တစ်ရွာလုံး စစ်ဆေးခဲ့တယ်။ သူတို့ပြန်သွားပြီး ပြန်စစ်ဆေးကြည့်တော့ တောထွက်တဲ့အခါ အသုံးပြုတဲ့ တူမီး ၅ လက်လောက်သိမ်းသွားတယ်။ ပြီးရင်ဆိုင်တစ်ဆိုင်မှာဝင်ပြီး စျေးရောင်းထားတဲ့ ငွေ ၅သောင်းလောက်လည်း ယူပေးသွားတယ်”ဟု ပြောဆိုသည်။

ထိုလုပ်ရပ်ကို ပြုလုပ်သော စစ်သားများမှာ ပူတာအိုမြို့အခြေစိုက် ခလရ ၃၈ နှင့် ၃၇ တပ်ရင်းမှ ဖြစ်ကြောင်း သိရသည်။


Kachin News Group 

https://www.facebook.com/theKachinNews

ပူတာအို ဒေသခံများ၏ တူမီးသေနတ် နှင့် ငွေသားအချို့ကို အာဏာသိမ်းစစ်တပ်က သိမ်းယူ ပူတာအို ဒေသခံများ၏ တူမီးသေနတ် နှင့် ငွေသားအချို့ကို အာဏာသိမ်းစစ်တပ်က သိမ်းယူ Reviewed by THITHTOOLWIN on 20:06 Rating: 5

No comments:

Powered by Blogger.