လွှတ်တော်ကိုယ်စားလှယ်ကိုမတွေ့လို့ ဖခင်ဖြစ်သူကို စစ်ကောင်စီက ပစ်သတ်သွား


ဆင်ပေါင်ဝဲ၊ ဇူလိုင် ၁၆၊ ၂၀၂၁။

မကွေးတိုင်း၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်မျိုးအောင်ကို ဇူလိုင်လ ၁၆ ရက်နေ့ မနက် ၁၀ နာရီခန့်က လာရောက်ဖမ်းဆီးရာ မတွေ့တာကြောင့် ဖခင်ဖြစ်သူကို ယာခင်းထဲမှာ စစ်ကောင်စီက ပစ်သတ်သွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

"စစ်ကောင်စီတပ်တွေနဲ့ ရွာသတင်းပေး အယောက် ၂၀ လောက်က သေနတ်အချက် ၃၀ ကျော်ပစ်ပြီး ဦးတင်အုန်းကို ဖမ်းတယ်။ ခေါင်းနောက်စေ့၊ လည်ပင်းတွေကော သေနတ်ဒဏ်ရာ ၁၅ ချက်လောက်မှန်တယ်။ နေရာမှာပဲ ပွဲချင်းပြီးဆုံးသွားတယ်။ အလောင်းကို ဆင်ပေါင်ဝဲပြည်သူဆေးရုံသို့ ယူဆောင်သွားတယ်။ ရင်ကိုခွဲပြီး ဝမ်းတွင်းကလီစာများကို ထုတ်ထားတယ်။ အလောင်းကို ဒီနေ့ညနေ ၃ နာရီလောက်က ပြန်သယ်လို့ရတယ်" မိသားစုဝင်တဦးက ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးရန်မျိုးအောင်ဟာ စစ်ကောင်စီဘက်က CRPH နဲ့ NUG ကို မထောက်ခံကြောင်း လက်မှတ်ထိုးခိုင်းတာကို မထိုးဘဲ တိမ်းရှောင်နေသူဖြစ်ကြောင်း မိသားစုထံက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်သတ်သွားသူဟာ ဆင်ပေါင်ဝဲမြို့နယ်၊ ဧကရာဇ်ကျေးရွာမှာနေထိုင်တဲ့ ဦးတင်အုန်း ဆိုသူဖြစ်ပြီး အသက် ၆၀ ကျော်ခန့်ရှိပြီး သူ့ရဲ့နာရေးအခမ်းအနားကို ဇူလိုင်လ ၁၇ ရက်နေ့ညနေမှာ မီးသင်္ဂြိုလ်သွားမယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

https://www.facebook.com/myaelattathan

လွှတ်တော်ကိုယ်စားလှယ်ကိုမတွေ့လို့ ဖခင်ဖြစ်သူကို စစ်ကောင်စီက ပစ်သတ်သွား လွှတ်တော်ကိုယ်စားလှယ်ကိုမတွေ့လို့ ဖခင်ဖြစ်သူကို စစ်ကောင်စီက ပစ်သတ်သွား Reviewed by THITHTOOLWIN on 20:49 Rating: 5

No comments:

Powered by Blogger.