မြန်မာနိုင်ငံ ကိုဗစ် တတိယလှိုင်းမှာ သေဆုံးသူ အများဆုံးနေ့

မြန်မာနိုင်ငံ ကိုဗစ် တတိယလှိုင်းမှာ သေဆုံးသူ အများဆုံးနေ့

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ် တတိယလှိုင်းမှာ တစ်ရက်တည်း သေဆုံးသူ ၃၅ ဦးအထိရှိလာပြီး အများဆုံးနေ့အဖြစ် ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့ ကမှတ်တမ်းဝင်သွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် -၁၉ ကြောင့် သေဆုံးသူ အရေအတွက်စုစုပေါင်း ဟာ ဇူလိုင်လ ၄ ရက်နေ့ အထိ သေဆုံးသူ စုစုပေါင်း ၃၄၁၉ ဦး အထိရှိလာနေခဲ့ပြီလည်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းကလေးမြို့မှာ မနေ့က ဇူလိုင်လ ၃ ရက် တစ်ရက်တည်းသေဆုံးသူ စုစုပေါင်း ၃၃ ဦးရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါပေမယ့် ကလေးမြို့ကသေဆုံးသူတွေထဲမှာ အချို့ဟာ နေအိမ်တွေမှာ နေထိုင်ပြီး ကိုဗစ်လက္ခဏာတွေနဲ့ သေဆုံးသူတွေပါဝင်ပြီး ကိုဗစ် ၁၉ နဲ့ အားလုံးသေတာလို့ မပြောနိုင်ကြောင်း လည်း ကလေးမြို့ကိုဗစ် ကုသရေးစင်တာက တာဝန်ရှိသူတွေကပြောပါတယ်။

ဒီကနေ့ လူပေါင်း ၁၀၃၇၈ ဦးကို စစ်ဆေးခဲ့ပြီး လူ ၂၃၁၈ ဦးမှာ ကိုဗစ် -၁၉ ရောဂါပိုးတွေ့ခဲပြီး ပိုးတွေမှုနှုန်း ၂၂ ရာခိုင် နှုန်းကျော်ရှိခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57652919

မြန်မာနိုင်ငံ ကိုဗစ် တတိယလှိုင်းမှာ သေဆုံးသူ အများဆုံးနေ့ မြန်မာနိုင်ငံ ကိုဗစ် တတိယလှိုင်းမှာ သေဆုံးသူ အများဆုံးနေ့ Reviewed by THITHTOOLWIN on 03:12 Rating: 5

No comments:

Powered by Blogger.