အချုပ်ကျ​နေသည့် သမီးလွတ်လာမလား စောင့်​မျှော်လျှက် ရုတ်တရက် သေဆုံးခဲ့သူ၏ ရုပ်ကလပ်ကိုမနက်ဖြန်ပို့​ဆောင် သင်္ဂြိုလ်မည်

 


1 July 2021 - Kachinwaves 

စစ်​ကောင်စီမှ လွတ်​ပေးသူများစာရင်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူ သမီးပါလာမလား ​စောင့်​မျှော်​နေရာ သမီးလွတ်မလာသည့်အတွက် နှလုံး​အောင့်​သွေးတက်ပြီး နေအိမ်တွင် ရုတ်တရက် သေဆုံးသွားခဲ့သူ မ​ဘောက်ဂျာ၏ ဖခင်ဦး​ဇော်ဖန်၏ နောက်ဆုံးခရီးကို မနက်ဖြန် ပို့​ဆောင်သွားမည်ဖြစ်​ကြောင်း သိရသည်။ 

မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်တွင် နေထိုင်သည့် ဦးဇော်ဖန်သည် ဇွန် ၃၀ရက်နေ့တွင် ကျန်းကျန်းမာမာ ရှိ​နေရာက​နေ စစ်​ကောင်စီမှ ဖမ်းဆီးခြင်းခံထားရသူသမီးမဘောက်ဂျာ လွတ်မြောက်လာမည်ကို သွား​ရောက်စောင့်​မျှော်ခဲ့ရာ မွန်းလွဲ ၃နာရီခန့်တွင် လွတ်လာမည့်စာရင်း၌ ၎င်း၏ သမီးမပါ​​သေးကြောင်း သိရှိရပြီး​နောက် နေအိမ်ပြန်​ရောက်လာကာ ညနေ ၄နာရီအချိန်တွင် နှလုံးအောင့်သွေးတက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့​ကြောင်း သိရသည်။

အိမ်ပြန်​ရောက်လာပြီး​နောက် ဗိုက်နာသည်ဟု ​ပြောဆိုပြီး သွေးတက်ကာ ည​နေ ၄နာရီခန့်တွင် နေအိမ်၌ သေဆုံးသွားသည်ဟု သိရသည်။

“ဗိုက်လေထိုးတယ်ဆိုပြီး ဆေးလိမ်းပြီး ရေနွေးအိတ် ကပ်ထား​ပေးတာ ​​​နောက်​​တော့ သွေးတိုးလာတယ်"ဟု နီးစပ်သူတစ်ဦးကပြောသည်။

မဘောက်ဂျာသည် စစ်​ကောင်စီမှ ဖမ်းဆီးခြင်းကို ခံရပြီး ပုဒ်မ ၅၀၅ - ကဖြင့် တရားစွဲဆိုခြင်းခံထားရသူ ဖြစ်သည်။ 

စစ်အာဏာရှင်ကိုဆန့်ကျင်​​ရေးလှုပ်ရှားမှုများနှင့်ဆက်စပ်ပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ (၁၄၅)ဦးသည် ယမန်နေ့ ဇွန်လ ၃၀ရက်နေ့တွင် မြစ်ကြီးနားမြို့ အကျဥ်းထောင်မှ လွတ်​မြောက်လာခဲ့ကြသည်။ မြစ်ကြီးနားအကျဥ်း​ထောင်းမှ လွတ်​မြောက်လာသူများသည် အမျိုးသမီး(၅၀)ဦး၊ အမျိုးသား (၉၅)ဦး ဖြစ်​ကြောင်း သိရသည်။


Kachinwaves 

https://www.facebook.com/kachinwavesnews

အချုပ်ကျ​နေသည့် သမီးလွတ်လာမလား စောင့်​မျှော်လျှက် ရုတ်တရက် သေဆုံးခဲ့သူ၏ ရုပ်ကလပ်ကိုမနက်ဖြန်ပို့​ဆောင် သင်္ဂြိုလ်မည် အချုပ်ကျ​နေသည့် သမီးလွတ်လာမလား စောင့်​မျှော်လျှက် ရုတ်တရက် သေဆုံးခဲ့သူ၏ ရုပ်ကလပ်ကိုမနက်ဖြန်ပို့​ဆောင် သင်္ဂြိုလ်မည် Reviewed by THITHTOOLWIN on 20:14 Rating: 5

No comments:

Powered by Blogger.