WFP က လှိုင်သာယာက လူ ၃ သိန်းကျော်ကို ထောက်ပံ့

 WFP က လှိုင်သာယာက လူ ၃ သိန်းကျော်ကို ထောက်ပံ့

ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဟာ လှိုင်သာယာမြို့နယ်အတွင်းက လူဦးရေ ၃သိန်း ၃ သောင်းကျော်ကို စားနပ်ရိက္ခာအထောက်အပံ့တွေကို အောင်မြင်စွာ ပေးအပ်ဖြန့်ဝေနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်း‌‌ဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ လည်း WFP က မကြာမီအလားတူအထောက်အပံ့များကို စတင်ဖြန့်ဝေပေးအပ်သွားမယ်လို့လည်း ဆိုပါတယ်။

WFP ရဲ့ တစ်လစာပမာဏ ဆန်ရိက္ခာတွေကို နေထိုင်မှုအတည်တကျမရှိသေးတဲ့ အခြေချသူများရှိရာနေရာများအပါအဝင် လှိုင်သာယာမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးမှုအမြင့်ဆုံးဒေသများမှ အထောက်အပံ့ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံကပဋိပက္ခဖြစ်ပွားရာဒေသများမှာ WFP က ပေးအပ်လျက်ရှိတဲ့ လူသားချင်းစာနာမှု အထောက်အပံ့တွေ ရပ်တန့်သွားခြင်းမရှိဘဲ အထက်ပါအထောက်အပံ့များကို ထပ်တိုးပေးအပ်ကူညီခြင်းဖြစ်တယ်လို့ လည်းထုတ်ပြန်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57497528

WFP က လှိုင်သာယာက လူ ၃ သိန်းကျော်ကို ထောက်ပံ့  WFP က လှိုင်သာယာက လူ ၃ သိန်းကျော်ကို ထောက်ပံ့ Reviewed by THITHTOOLWIN on 20:10 Rating: 5

No comments:

Powered by Blogger.