ဆီဆိုင်တွင် PNO အင်အားဖြည့်တင်းမှုရှိလာ


သျှမ်းသံတော်ဆင့်၊ ဇွန် ၁

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF) ဖွဲ့စည်းကြောင်း ကြေညာချက် ထွက်ပေါ်လာပြီးနောက် ဆီဆိုင်မြို့ အနီးတစ်ဝိုက်တွင် ပအိုဝ်းအမျိုးသား အစည်းအရုံး( PNO) အင်အားဖြည့်တင်းလာကြောင်း စုံစမ်းသိရသည်။ 

မေလ ၂၉ ရက်နေ့တွင် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF) ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက် ထုတ်အပြီးတွင် ဆီဆိုင်မြို့အနီးတဝှိက်တွင်  ပြည်သူ့စစ် အဖြစ် ရပ်တည်နေသော (PNO) အင်အားဖြည့်တင်းလာကြောင်း ဆီဆိုင်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ရွာထဲမှာတော့ PNO စစ်သားတွေများလာတာကို တွေ့ရတယ်၊ ဆီဆိုင်မြို့အနောက်ဖက်ရွာတွေက ရှမ်း - ကယားနယ်စပ် နဲ့ နီးနေတော့ သူတို့က လုံခြုံရေးအရ စခန်းချထားရတယ် ပြောတယ်၊ အရင်ကလည်း က ကယားပြည်ဖက်သွားပြီး စစ်ကောင်စီကို သွားတိုက်ကူတယ်ဆိုတဲ့ သတင်းကလည်းထွက်နေတော့ သူတို့ကို ပြန်လာတိုက်မှာ ကြောက်လို့ လုံခြုံရေးချထားတဲ့ သဘောပေါ့” လို့ အမည်မဖော်လိုသည့် ဒေသခံ တစ်ဦး က ဆိုသည်။

PNO သည် နယ်မြေလုံခြုံရေး အရ အကာအကွယ်ယူထားသည့် ပုံစံမျိုးရှိနေကြောင်း၊  PNO သည် စစ်ကောင်စီ တပ်ဖွဲ့ ကို ပူးပေါင်းသည် တပ်ဖွဲ့ဖြစ်ကြောင်းသိရသည်။

“ PNO တပ်က အင်အားတွေ ထပ်စုနေတယ်လို့ ကြားတယ်။ နယ်မြေ လုံခြုံရေး ဆိုတဲ့ပုံစံနဲ့ စစ်အားတွေ အများကြီးဖြည့်နေတယ်” ဟု ပအိုဝ်းလူငယ်တစ်ဦး က ပြောသည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းတွင် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ဆောင်နန်းခဲကျေးရွာတွင် စစ်ကောင်စီ နှင့် ကယန်းပြည်သစ် တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ PNO သည် စစ်ကောင်စီဘက် စစ်ကူပေးပြီး တိုက်ပေးခဲ့ကြောင်းလည်း သတင်းထွက်ပေါ်ခဲ့သည်။

ထို့ကြောင့် PNO သည် ပအိုဝ်းအမျိုးသားနှင့် လူငယ်များ၏ သဘော ထားမပါဘဲ အကြမ်းဖက် စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းပါက ဒေသတွင်းတိုက်ပွဲများနှင့် ၎င်းတို့၏ အသက်၊ အိုးအိမ်စည်းစိမ်များအတွက် အာမမခံနိုင်ကြောင်း ပအိုဝ်း ပြည်သူများက မေ ၃၀ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

ဆီဆိုင်တွင် PNO အင်အားဖြည့်တင်းမှုရှိလာ ဆီဆိုင်တွင် PNO အင်အားဖြည့်တင်းမှုရှိလာ Reviewed by THITHTOOLWIN on 21:10 Rating: 5

No comments:

Powered by Blogger.