ကြံခိုင်ရေးပါတီဝင်အချို့ တိုက်ခိုက်ဖျက်ဆီးမှုတွေမှာ ပါဝင်နေတယ်လို့ မင်းကင်းPDF ပြော

 ကနီ မင်းကင်းနယ်က နေရပ်စွန့်ခွာထွက်ပြေးသူများ

မင်းကင်းက ကြံခိုင်ရေး ပါတီဝင်အချို့ စစ်ဝတ်စုံ ဝတ်ပြီး NLD ပါတီ ကိုယ်စားလှယ်နဲ့ ထောက်ခံသူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးရာမှာ ပါဝင်နေတယ်လို့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့ မင်းကင်း PDF က ဇွန်လ ၁၂ ရက်နေ့က ထုတ်ပြောလာပါတယ်။

ဒီလိုပါဝင်လာမှုတွေကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဟာ ကြံ့ခိုင်‌ရေးပါတီကို အကြမ်းဖက်အုပ်စု သတ်မှတ်လိုက်ပြီးတော့ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့လည်း သူတိုကပြောပါတယ်။

မင်းကင်းနယ်တစ်ဝိုက်က ကျေးရွာတွေက NLD လွှတ်တော်ကိုယ်စားလှယ် နဲ့ ထောက်ခံသူတွေရဲ့ နေအိမ်တွေ ကိုဇွန်လ ၁၂ ရက်နေ့က လာရောက်ဖျက်ဆီးရာမှာ ပါဝင်နေပြီးတော့ တောင်စာရေးရွာက နှစ်ဦးနဲ့ မိုင်တစ်ရာရွာက တစ်ဦး ပါဝင်နေတယ်လို့ အမည်နဲ့တကွ ထုတ်ပြောလာပါတယ်။

ဇွန်လ ၁၂ ရက်နေ့ကတော့ တပ်မတော်ထောက်ခံသူတစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ သူတို့ဟာ မိမိကိုယ့်ကို ခုခံဖို့ လက်နက်ကိုင်ဆောင်ခွင့်ရမရ လည်းမေးမြန်းခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ တပ်မတော်ထောက်ခံသူတွေ အမျိုးသားရေးသမားတွေဟာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရပြီး ဒလန်ဟုစွပ်စွဲခံရပြီး အသက်ခံရသူတွေလည်းရှိတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ့ ဇွန်လ ၁၂ ရက်နေ့အထိ ဒလန်လို့ စွပ်စွဲခံရသူ အပါအဝင် အသတ်ခံရသူ ၁၇၃ ဦး ကရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

မင်းကင်းPDF ကာကွယ်ရေးတပ်ဖွဲ့ကတော့ ကြံ့ခိုင်ရေးပါတီ အမာခံတွေကိုပစ်မှတ်ထားမှာဖြစ်ပြီးတော့၊ သာမန်ကြံခိုင်ရေးပါတီဝင်တွေ ရဲ့ အသက်အန္တရာယ်ကိုလည်း အာမမခံနိုင်ဘူးလို့ ထုတ်ပြန်ချက်မှာပါရှိတယ်။

ပြီးခဲ့တဲ့မေလ ၂၈ ရက်နေ့ က မွန်ပြည်နယ် ဘီးလင်းမြို့က ကြံခိုင်ရေးပါတီဥက္ကဋ္ဌ လုပ်ကြံခံရအပြီးမှာ ကြံခိုင်ရေးပါတီဘက်က ထုတ်ပြန်ချက်တစ်ခုထုတ်ခဲ့ပြီး အဲ့ဒီထုတ်ပြန်ချက်ဟာ လက်နက်ကိုင်မယ့်သဘောကို ဆိုလိုတာ မဟုတ်ဘဲ ဥပဒေအရ အကာအကွယ်ယူပြီး ဥပဒေမဲ့တဲ့ လုပ်ရပ်တွေရှိတဲ့အပေါ် ပါတီဝင်တွေအချင်းချင်း ဝိုင်းဝန်းကူညီစောင့်ရှောက်ကြဖို့ တိုက်တွန်းတာသာ ဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီ ပြောခွင့်ရ ဒေါက်တာနန္ဒလှမြင့်က ဘီဘီစီကို ပြောခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

ကြံခိုင်ရေးပါတီဝင်အချို့ တိုက်ခိုက်ဖျက်ဆီးမှုတွေမှာ ပါဝင်နေတယ်လို့ မင်းကင်းPDF ပြော  ကြံခိုင်ရေးပါတီဝင်အချို့ တိုက်ခိုက်ဖျက်ဆီးမှုတွေမှာ ပါဝင်နေတယ်လို့ မင်းကင်းPDF ပြော Reviewed by THITHTOOLWIN on 20:15 Rating: 5

No comments:

Powered by Blogger.