ကသာတိုက်ပွဲတွင် ၂ဖက်စလုံး ထိခိုက်မှုများရှိခဲ့ကြောင်း ကသာ PDF ထုတ်ပြန်။

 




"30/5/2021ရက်နေ့  ကသာတိုက်ပွဲတွင် ကသာPDFမှ ရဲဘော်(5)ဉီးကျဆုံးခဲ့၍အထူးဝမ်းနည်းရပါကြောင်း။သို့သော် စစ်ခွေးအကောင် (8)ကောင်ထက်မနည်းကို မြေသြဇာလုပ်နိုင်ခဲ့ပြီးဒဏ်ရာရရှိသွားသော(10)ကောင်ရဲ့အထက်တွင် 31/5/2021ရက်နေ့တွင် (3)ကောင်ရဲ့အထက်ထပ်မံသေဆုံးကြောင်းသိရှိရပါသည်။ 

သေဆုံးသောစစ်ခွေးများတွင် ရဲတပ်ဖွဲ့ဝင်များအများဆုံးပါဝင်နေပါသည်။၎င်းနေ့တိုက်ပွဲ၌လည်း

စစ်ခွေးများမှအနောက်ကနေ၍ ရဲတပ်ဖွဲ့ဝင်များအားအရှေ့သို့တက်ခိုင်းပြီး ထိုးကြွေးခဲ့သည်ကိုမျက်မြင်တွေ့ရှိခဲ့ရပါသည်။ခိုင်လုံသောသတင်းအရ ကသာမြို့နယ်ကျောက်ထုံးကြီးရဲကင်းမှ စခန်းမူးနှင့်ရဲတပ်သားသုံးဉီးပါရှိကြောင်းသတင်းရရှိထားပါသည်။

သို့ပါသောကြောင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့၏အသက်ကိုအာဏာရူး မအလ တစ်ကိုယ်ရည်ကောင်းစားရေးအတွက်စွန့်စားသင့်သလားစဉ်းစားကြပါလို့ သတိပေးလိုက်ပါသည်။ကသာမြို့နယ် ကသာ /ဗန်းမော်ကားလမ်းတစ်လျောက်ရှိပြည်သူများအနေနှင့် ယခုရက်ပိုင်းတွင် အသွားအလာသတိထားကြစေ

လိုကြောင်းတိုက်တွန်းနိူးဆော်အပ်ပါသည်။

စစ်ကောင်စီရဲ့ကားနှစ်စီးအား 30/5/2021ရက်နေ့၌ ဖျက်ဆီးနိုင်ခဲ့သည့်ပုံများနှင့် စစ်ခွေးအလောင်းများ မြို့တွင်းမှ သုသာန် သို့သယ်ဆောင်နေခဲ့သောပုံများကို ကူးယူတင်ပြအပ်ပါသည်။

ကသာမြို့နယ်သူ/သားများခင်ဗျာ (အရေးတော်ပုံအောင်ရမည်။)3" ဟု ကသာ PDF အဖွဲ့က ထုတ်ပြန်ရေးသားထားသည်။

People's Defense Force-Katha စာမျက်နာမှ ကူးယူဖော်ပြသည်။


Kachin News Group 

https://www.facebook.com/theKachinNews

ကသာတိုက်ပွဲတွင် ၂ဖက်စလုံး ထိခိုက်မှုများရှိခဲ့ကြောင်း ကသာ PDF ထုတ်ပြန်။ ကသာတိုက်ပွဲတွင် ၂ဖက်စလုံး ထိခိုက်မှုများရှိခဲ့ကြောင်း ကသာ PDF ထုတ်ပြန်။ Reviewed by THITHTOOLWIN on 20:45 Rating: 5

No comments:

Powered by Blogger.