ကယားမှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တိုက်ခိုက်၊ သေဆုံးဒဏ်ရာရသူတချို့ရှိတယ်လို့ ဒေသ PDF တွေပြော

 ကယားမှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တိုက်ခိုက်၊ သေဆုံးဒဏ်ရာရသူတချို့ရှိတယ်လို့ ဒေသ PDF တွေပြော

ကယားပြည်နယ်က တိုက်ခိုက်မှုတွမှာ မနက် ၈နာရီ လောက်က ဒီမော့ဆိုး၊ စံပြ (၆)ကျေးရွာအုပ်စုထဲမှာ ဒီးမော့ဆို PDF နဲ့ စစ်တပ်တို့အကြားပစ်ခတ်မှုဖြစ်ခဲ့ပြီး PDF ဘက်ကအနည်းဆုံး ၁ ဦးကျဆုံးနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီလိုပစ်ခတ်မှုတွေအပြင် စံပြ (၆) ရွာက ကက်သလစ်ဘုရားကျောင်းမှာ စစ်ကောင်စီဘက်က တပ်စွဲထားတယ်လို့လည်း PDFဘက်က ထုတ်ပြန်ပြောဆိုပါတယ်။

အလားတူ ရှမ်းနဲ့ကယားပြည်နယ် အစပ် မိုးဗြဲမှာ မြို့ပေါ်နေရာတွေအားလုံးနီးပါး စစ်ကောင်စီတပ်တွေက တပ်စွဲထားပြီး မိုးဗြဲ PDFနဲ့ ထိပ်တိုက်တွေ့နေတဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ PDFဘက်ကမေးမြန်းသိရှိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက စနိုက်ပါနဲ့ပစ်ခတ်တာကြောင့် မနေ့က ညနေပိုင်းကစလို့ လူလေးဦး သေနတ်ထိ မှန်ခဲ့တယ်လို့လည်း သိရပြီး ဒါတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ပြောဆိုတာတွေတော့ မတွေ့ရသေးပါဘူး။

အဲဒီထဲမှာမှ သေဆုံးသူလည်းရှိနေပေမယ့် အလောင်းကို လုံးဝထွက်မကောက်ရဲတဲ့ အခြေအနေရှိတယ်လို့ မိုးဗြဲ PDF ဘက်က ပြောပါတယ်။

မိုးဗြဲ PDF ဘက်ကတော့ မြို့ကိုဖြတ်သွားတဲ့ ရထားလမ်းကိုမကျော်ဖို့ စစ်ကောင်စီ ဘက်ကို အသိပေးထားပြီး အဲဒီနေရာကိုကျော်ရင်တော့ ပြန်လည်တိုက်ခိုက်မယ်လို့ ပြောဆိုထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

ကယားမှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တိုက်ခိုက်၊ သေဆုံးဒဏ်ရာရသူတချို့ရှိတယ်လို့ ဒေသ PDF တွေပြော  ကယားမှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တိုက်ခိုက်၊ သေဆုံးဒဏ်ရာရသူတချို့ရှိတယ်လို့ ဒေသ PDF တွေပြော Reviewed by THITHTOOLWIN on 23:35 Rating: 5

No comments:

Powered by Blogger.