စစ်​ကောင်စီ လက်နက်ကိုင်နှင့် PDF (Kalay) တိုက်ပွဲ စစ်​ကောင်စီ ဘက်မှ ၄ ဦး​သေ၊ PDF အဖွဲ့မှ ၃ ဦးဒဏ်ရာရ


3 June 2021-Kachinwaves 

ယနေ့ နံနက်ပိုင်းတွင်  ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီ လက်နက်ကိုင် တပ်ဖွဲ့ဝင်များသည် ဒိုးနွယ်ကျေးရွာ သင်္ချိုင်းအနီး၌ PDF (Kalay) တပ်ဖွဲ့ဝင်များ နှင့် တိုပ်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၄ ဦး သေဆုံးခဲ့​ကြောင်း  PDF (Kalay) က ထုတ်ပြန်သည်။ 

PDF (Kalay) တပ်ဘက်ကလည်း တပ်ဖွဲ့ဝင် ၁ ဦး ဗိုက်ထိပြီး ၂ ဦး လက်ရှပ်ထိခဲ့ကာ  ဒဏ်ရာရသူ အားလုံးမစိုးရိမ်ရ​ကြောင်းလည်း ထုတ်ပြန်ထားသည်။ 

တိုက်ပွဲ ဖြစ်ပွားပြီး PDF (Kalay) တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဒိုးနွယ်ကျေးရွာ အရှေ့ပိုင်းအတွင်းသို့ လက်နက်ကြီး ၅ လုံး ကျခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့​ကြောင်းလည်း သိရသည်။ 

 ပြည်သူများ ထိခိုက်သေဆုံးမှုမရှိသော်လည်း စစ်ကောင်စီ၏ရန်ပြုတိုက်ခိုက်မှုမှလွတ်ကင်းရာသို့ နေရပ်စွန့်ခွာ၍အချိန်မီတိမ်းရှောင်ခဲ့ကြရ​ကြောင်းလည်း ထုတ်ပြန်ထားသည်။ 


Kachinwaves 

https://www.facebook.com/kachinwavesnews

စစ်​ကောင်စီ လက်နက်ကိုင်နှင့် PDF (Kalay) တိုက်ပွဲ စစ်​ကောင်စီ ဘက်မှ ၄ ဦး​သေ၊ PDF အဖွဲ့မှ ၃ ဦးဒဏ်ရာရ စစ်​ကောင်စီ လက်နက်ကိုင်နှင့် PDF (Kalay) တိုက်ပွဲ စစ်​ကောင်စီ ဘက်မှ ၄ ဦး​သေ၊ PDF အဖွဲ့မှ ၃ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 21:07 Rating: 5

No comments:

Powered by Blogger.