NUG ရဲ့ကျန်းမာရေးဝန်ကြီးဌာနအောက်မှာ ပြည်သူ့ကျန်းမာရေးအဖွဲ့ ဖွဲ့တယ်ဆိုပြီး ဆရာဝန် ၂၀ ကျော်ကို အမှုဖွင့်ဖို့ စစ်ကောင်စီ ပြင်ဆင်နေ

ယခင်အစိုးရလက်ထက်မှာ ကျန်းမာရေးဝန်ကြီးဌာနအောက်က တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်း

တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း လက်ကျန်ကျပ်ငွေ သန်းချီကို စာရှင်းမရှင်းလင်းဘဲ CDM လုပ်သွားတယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ ဒေါက်တာထားထားလင်းနဲ့အတူ နောက်ထပ် CDM ဆရာဝန် ၂၀ ကျော်ကို ပုဒ်မ ၅၀၅ (က)၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)တို့နဲ့ အရေးယူသွားမယ်ဆိုပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။

ပုဒ်မ ၅၀၅ (က)နဲ့ နေပြည်တော်မှာ အမှုဖွင့်ခံထားရတဲ့ ဒေါက်တာထားထားလင်းကို ရန်ကုန်မြို့က ဒဂုံမြို့နယ်၊ နဝဒေးလမ်းမှာ ဇွန်လ ၁၀ ရက်တုန်းက ဖမ်းမိခဲ့ပြီး သူ့ထွက်ဆိုချက်အရ တခြား CDM လုပ်နေတဲ့ဆရာဝန်တွေနဲ့အတူ CDM ပြုလုပ်သူများပင်မအုပ်စုဖွဲ့ကာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပေါင်းစပ်လှုပ်ရှားခဲ့တယ်ဆိုပြီး စစ်ကောင်စီဘက်က ပြောဆိုပါတယ်။

ဒ့ါပြင် NUG ရဲ့ ကျန်းမာရေးဝန်ကြီးဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုးနဲ့ အဆက် အသွယ်လုပ်ခဲ့တာ၊ အဲဒီနောက် ဒေါက်တာ ထားထားလင်းက ဦးဆောင်ပြီး CDM ဆရာဝန် ၁၂ ဦးနဲ့ ပြည်သူ့ကျန်းမာရေးအဖွဲ့ ဖွဲ့စည်းတာ၊ အဲဒီအောက်မှာ နောက်ထပ် ဆရာဝန် ၁၀ ဦးပါတဲ့ ပြည်နယ်နှင့်တိုင်းအဆင့် ကျန်းမာရေးအုပ်ချုပ်မှုအဖွဲ့ ဖွဲ့တာ၊ မြို့နယ်အဆင့် ဆရာဝန်အသင်းကို နောက်ထပ် ဆရာဝန် ၁၅ ဦးနဲ့ ဖွဲ့စည်းခဲ့တာကို သိထားရတယ်လို့ စစ်ကောင်စီရဲ့အာဘော် နိုင်ငံပိုင် သတင်းမှာဖော်ပြပါတယ်။

ဒါ့ကြောင့် ဒီဆရာဝန် စုစုပေါင်း ၂၅ ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) တို့နဲ့ အမှုဖွင့်ဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ NUG ကို မတရားအသင်းအသင်းနဲ့ အကြမ်းဖက်အသင်းအဖြစ် သတ်မှတ်ကြေညာထားသလို NUG ကိုဖွဲ့ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ကလည်း စစ်ကောင်စီကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်တဲ့အကြောင်း မတ်လကတည်းက ကြေညာထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

NUG ရဲ့ကျန်းမာရေးဝန်ကြီးဌာနအောက်မှာ ပြည်သူ့ကျန်းမာရေးအဖွဲ့ ဖွဲ့တယ်ဆိုပြီး ဆရာဝန် ၂၀ ကျော်ကို အမှုဖွင့်ဖို့ စစ်ကောင်စီ ပြင်ဆင်နေ  NUG ရဲ့ကျန်းမာရေးဝန်ကြီးဌာနအောက်မှာ ပြည်သူ့ကျန်းမာရေးအဖွဲ့ ဖွဲ့တယ်ဆိုပြီး ဆရာဝန် ၂၀ ကျော်ကို အမှုဖွင့်ဖို့ စစ်ကောင်စီ ပြင်ဆင်နေ Reviewed by THITHTOOLWIN on 20:17 Rating: 5

No comments:

Powered by Blogger.