ဗန်းမော် NLD ပါတီ မြို့နယ်မှူး ဦးညီညီဖေတင် ထောင်ဒဏ် ၂နှစ်ချမှတ်ခံရ


Jun 3,2021/Kachin News Group

သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၂၅နှင့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် ဗန်းမော်မြို့နယ် NLD ပါတီ၏ မြို့နယ်မှူး ဦးညီညီဖေတင်ကို မြို့နယ်တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်ကြောင်းသိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၈ရက်နေ့ ည ၁၀နာရီခွဲအချိန်တွင် ဗန်းမော်မြို့ အရှေ့သာစည်ရပ်ကွက်ရှိ NLD ရုံးတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ၄လအကြာမှ အမိန့်ချမှတ်ကာ လက်ရှိတွင်ဗန်းမော်အကျဉ်းထောင်သို့ပို့လိုက်ပြီဖြစ်ကြောင်း နီးစပ်သူ ဒေသခံတစ်ဦးမှသိရသည်။

ဗန်းမော်မြို့နယ်တွင် NLD ပါတီဥက္ကဌအပါအဝင် လွှတ်တော်ကိုယ်းလှယ်များစုစုပေါင်း ၁၀ဦးကျော်အနည်း ဆက်လက် ဖမ်းဆီခံထားရဆဲဖြစ်ပြီး ဦးညီညီဖေတင်သည် ပထမဆုံးအကြိမ် အမိန့်ချခံရသူဖြစ်သည်။

ဦးညီညီဖေတင်မှာ ဗန်းမော်မြို့နယ် NLD ပါတီ၏ မြို့နယ်မှူး တစ်ဦးဖြစ်ပြီး အသက် ၅၀ အရွယ်ရှိသူဖြစ်သည်။


Kachin News Group 

https://www.facebook.com/theKachinNews

ဗန်းမော် NLD ပါတီ မြို့နယ်မှူး ဦးညီညီဖေတင် ထောင်ဒဏ် ၂နှစ်ချမှတ်ခံရ ဗန်းမော် NLD ပါတီ မြို့နယ်မှူး ဦးညီညီဖေတင် ထောင်ဒဏ် ၂နှစ်ချမှတ်ခံရ Reviewed by THITHTOOLWIN on 21:17 Rating: 5

No comments:

Powered by Blogger.