ထီးချိုင့်တွင် KIA နှင့် PDF ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် ၁၄ဦးသေဆုံးဟု ထုတ်ပြန်


ထီးချိုင့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တပ်တို့ပူးပေါင်းပြီး စစ်ကောင်စီတပ် ယာဉ်တန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၄ ဦးထက်မနည်းထိခိုက်သေဆုံးခဲ့ကြောင်းသိရသည်။

ဇွန်လ ၂၆ ရက်နေ့ ညနေ ၃ နာရီခန့်ဝန်ကျင်တွင် ထီးချိုင့်မြို့နယ် မော်ကွန်းတောင်ရိုးလမ်းပိုင်းတွင် စစ်ကောင်စီတပ်၏ ကားသုံးစီးကိုဝင်ရောက်တိုင်ခိုက်ခဲ့ပြီး ၁၄ဦးထက်မနည်း သေဆုံးသည့်အပြင် ၇ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားဖော်ပြထားသည်။


Kachin News Group

https://www.facebook.com/theKachinNews

ထီးချိုင့်တွင် KIA နှင့် PDF ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် ၁၄ဦးသေဆုံးဟု ထုတ်ပြန် ထီးချိုင့်တွင် KIA နှင့် PDF ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် ၁၄ဦးသေဆုံးဟု ထုတ်ပြန် Reviewed by THITHTOOLWIN on 23:32 Rating: 5

No comments:

Powered by Blogger.