ချင်းပြည်နယ် ရေဇွာ နဲ့ နှာရိန်းမြို့တွင် ၃ ရက်အတွင်းရဲတပ်ဖွဲ့ (၂၂) ဦး CDM ပြုလုပ်

Credit: The Hakha Times

ချင်းပြည်နယ် ရေဇွာမြို့နှင့် ထန်တလန်မြို့နယ် နှာရိန်းမြို့ရှိ ရဲတပ်ဖွဲ့တို့သည် မေလ (၃၁) ရက်နေ့မှ ယနေ့အထိ (ဇွန်၂)ရက်ထိ ရဲတပ်ဖွဲ့ ၂၂ ဦး CDM  လှုပ်ရှားမှုတွင် ပါ၀င်နေကြောင်း သိရသည်။

ရေဇွာနယ် လုံငိုး၊ ရမ်ဆီနှင့် ရေဇွာမြို့ ရဲစခန်းရှိ ရဲတပ်ဖွဲ့နှင့် ထန်တလန်မြို့နယ် နှာရိန်းမြို့ ရဲတပ်ဖွဲ့များ ပါ၀င်နေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

အဆိုပါဒေသခံက"အခုရေဇွာမြို့ ရဲစခန်းမှာ ရဲတပ်ဖွဲ့ (၈) ယောက်လောက်ပဲကျန်တော့တယ်" ဟု ဒေသခံတစ်ဦးက ဟားခါးတိုမ်းသတင်းဌာနကို ပြောပြသည်။

CDM မှာပါဝင်တဲ့ ရဲတပ်ဖွဲ့တွေဟာ ချင်းတိုင်းရင်းသားတွေဖြစ်ပြီး အခုတော့လွတ်မြောက်နယ်မြေမှာ‌ေရာက်ရှိကြပါပြီ။


Zalen 

https://www.facebook.com/zalen.info/

ချင်းပြည်နယ် ရေဇွာ နဲ့ နှာရိန်းမြို့တွင် ၃ ရက်အတွင်းရဲတပ်ဖွဲ့ (၂၂) ဦး CDM ပြုလုပ် ချင်းပြည်နယ် ရေဇွာ နဲ့ နှာရိန်းမြို့တွင် ၃ ရက်အတွင်းရဲတပ်ဖွဲ့ (၂၂) ဦး CDM  ပြုလုပ် Reviewed by THITHTOOLWIN on 21:18 Rating: 5

No comments:

Powered by Blogger.