မင်းတပ်တိုက်ပွဲ CDF တစ်ဦးသေဆုံး


မင်းတပ်က စစ်ဘေးရှောင်အချို့

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်အတွင်းနေရာ နှစ်နေရာမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ ကြားပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတော့ မင်းတပ် CDFအဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့တယ်လို့ မင်းတပ်မြို့ခံတွေကနေ တစ်ဆင့် ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

မင်းတပ်မြို့နဲ့ ယှက်ရွာကြားတစ်နေရာနဲ့၊ ဘောင်ထဲရွာနဲ့ ဘုရားစခန်းရွာကြားတွေ တစ်နေရာမှာ ဒီကနေ့ မနက်ပိုင်းအထိ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးတော့ စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ကူတွေနဲ့ ပစ်ခဲ့သလို လေယာဉ်တွေလည်း ပျံသန်းတာတွေ ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီလိုပစ်ခတ်မှုတွေဟာ မင်းတပ်မြို့ပေါ်ကနေ တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေရဲ့ ယာယီခိုအောင်းရာနေရာတွေနဲ့ နီးကပ်နေတာကြောင့် စစ်ဘေးရှောင်တွေဟာ ထပ်ပြီး ထွက်ပြေးတိမ်းရှောင်ရမယ့်အခြအနေဖြစ်နေတယ်လို့ မင်းတပ်မြို့ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး အဖွဲ့ဝင် ကိုလောရင့်က ဘီဘီစီကို ပြောပါတယ်။

မင်းတပ်မြို့က ထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးရှောင်တွေဟာ မင်းတပ်မြို့ကို ပြန်လည်သွားရောက်နေထိုင်ဖို့ကြောက်နေကြပြီး စစ်ကင်းလွတ်ရာမှာ နေထိုင်ခွင့်ရဖို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့အပါအဝင် တခြားနိုင်ငံတကာအဖွဲ့တွေကို တင်ပြ တောင်းဆိုနေတယ်လို့ စစ်ဘေးရှောင် ကူညီသူတွေက ပြောခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

မင်းတပ်တိုက်ပွဲ CDF တစ်ဦးသေဆုံး  မင်းတပ်တိုက်ပွဲ CDF တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:17 Rating: 5

No comments:

Powered by Blogger.