CDF မင်းတပ်အဖွဲ့မှ စစ်​ကောင်စီတပ်ဖွဲ့မှတပ်ပြေး များကို ကူညီ​စောင့်​ရှောက်ထား


CDF အဖွဲ့ မှ စစ်​ကောင်စီတပ်ဖွဲ့ကတပ်ပြေး များကို ကူညီ​စောင့်​ရှောက်ထားကြောင်း Chinland Defense Force မင်းတပ်အဖွဲ့၀င်တစ်ဦးက လူမှုကွန်ရက်တွင်ဖော်ပြထားသည်။

CDF Mindat အဖွဲ့ဝင်တစ်ဦးက "စစ်တပ်ကထွက်ပြေးလာတယ်လို့ယူဆရတဲ့ စစ်သားတချို့ကိုမိတာ ၁လလောက်ရှိပီသူတို့ကို မရိုက်နှက်ခဲ့ဘူး

ကြိုးနဲ့ မချည်ထားဘူး နေချင်သလို နေခွင့်ပေးပြီး ထမင်းကျွေးထားခဲ့တယ် အစောင့်နဲ့တော့ထားရတယ်ဆေးလိပ်နဲ့ခေါင်ရည်ကို တတ်နိုင်သလောက်စီစဉ်ပေးခဲ့တယ် 

ဒီလိုနဲ့ သူတို့ရောက်ပြီး၂ပါတ်ကျော်အကြာမှာ ကျနော်တို့ ချီချောင်းဖက်က CDF တွေက ကန်ပက်လက်ဖက်မှာတပ်ကျွံနေတုန်း စစ်မျက်နှာ ၃ဖက်အညှပ်ခံရပြီး တပ်ဆုတ်ရဖို့အခြေနေဖြစ်လာခဲ့တယ်အဲ့မှာ ရွာသူရွာသားတွေ၊ သက်ကြီးရွယ်အိုတွေ ၊ကလေးသူငယ်တွေအားလုံး စစ်သားတွေရန်ကကြောက်ပြီးရွာ​တွေကနေဝရုန်းသုန်းကားထွက်ပြေးကြရတော့တယ် 

တပ်ပြေးတွေကိုလဲ ဆက်လက်ထိမ်းသိမ်းထားဖို့မဖြစ်နိုင်တော့လို့ သူတို့ကိုမရှိရှိတဲ့ကြားထဲကနေ လမ်းစရိတ်၅သောင်းစီပေးပြီး ထွက်ပြေးခိုင်းတော့ သူတို့မျက်နှာတွေ မကောင်းတာပဲသတိထားမိခဲ့တယ် 

ဒီလိုနဲ့ တပ်ဆုတ်နေရင်း ရွာတစ်ရွာနားမှာ ကျနော်တို့CDF တွေတပ်စွဲထားတဲ့ချိန် အဲ့စစ်ပြေးတွေကိုတစ်ခါထပ်တွေ့တော့ သူတို့ခမျာ ခလေးပိုးတဲ့သူကပိုး၊ အထုပ်ထမ်းတဲ့သူကထမ်း၊ တူမီးကိုင်တဲ့သူကကိုင်နဲ့ စစ်ဘေးရှောင်အုပ်စုကို ဦးဆောင်လာတာဗျတကယ်အံသြမိသွားတယ် 

"နင်တို့မပြန်သေးဘူးလား"လို့ ကျနော်မေးတော့ "ကျနော်တို့ကိုထမင်းကျွေးခဲ့တဲ့ရွာကိုပစ်ပီး ဒီတိုင်းထွက်မသွားနိုင်သေးဘူး၊ သူတို့ဘေးကင်းရာရောက်ပြီးမှပြန်မယ်" ဆိုတော့ 

ငယ်ငယ်တုန်းကကြည့်ဖူးတဲ့ ဗီယက်နမ်စစ်ကားလေးကို မျက်စိထဲတန်းမြင်ယောင်မိလာတော့တယ်မင်းသားက အာနိုးထင်တယ် ဗီယက်နမ်ကိုစစ်တိုက်သွားတဲ့ အမေရိကန်မရိန်းစစ်သားက သူ့ကိုကာကွယ်ပေးခဲ့တဲ့ဗီယက်ကောင်းရွာလေးကို ပြန်ကာကွယ်ပေးခဲ့တဲ့ စစ်ကားလေး 😧

အဲ့လိုနဲ့ နောက်နေ့တွေမှာ ကျနော့ဘေးနားမှာသူတို့ကို နေခွင့်ပေးလိုက်တော့တယ် တူမီးလေးတွေကိုယ်စီကိုင်လို့ 

(အစကတော့ သူတို့ကို မယုံသေးပါဘူး)

ကျနော်ယုံကြည်ပါတယ် 

မေတ္တာဆိုတာ ရောင်ပြန်ဟပ်ပါတယ် 😍

နောက်နေ့ကျရင် သူတို့နဲ့မိတ်ဆက်ပေးမယ်နော 

သူတို့လက်ထဲကို သူတို့ရဲ့သေနတ်အစစ်တွေပြန်ထည့်ပေးနိုင်ဖို့အချိန်မဝေးတော့ပါဘူး "ဟုသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။


Chin World 

https://www.facebook.com/Chin-World-167011980026853/ 

CDF မင်းတပ်အဖွဲ့မှ စစ်​ကောင်စီတပ်ဖွဲ့မှတပ်ပြေး များကို ကူညီ​စောင့်​ရှောက်ထား CDF မင်းတပ်အဖွဲ့မှ စစ်​ကောင်စီတပ်ဖွဲ့မှတပ်ပြေး များကို ကူညီ​စောင့်​ရှောက်ထား Reviewed by THITHTOOLWIN on 20:19 Rating: 5

No comments:

Powered by Blogger.