စကခ(၈) ပိန်နဲတောစခန်းရှေ့တွင် စနိုက်ဘာဖြင့် ပစ်ခတ်ခံရ၍ အကြမ်းဖက် စစ်အုပ်စုမှ တစ်ဦးကျဆုံး


ဇွန် ၂၉ ရက်၊ ၂၀၂၁ခုနစ်၊ သထုံခရိုင်။ သူးလေသတင်းစဥ် 

ကေအဲန်ယူ- သထုံခရိုင်၊ သထုံမြို့နယ်၊ ပိန်နဲတောကျေးရွာ အတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ စကခ(၈) ရှေ့တန်းတပ်မဌာနချုပ် စခန်းအရှေ့  ဇွန်လ (၂၇) ရက်နေ့က K.N.L.A (စနိုက်ဘာ)လက်ဖြောင့်တပ်သားမှ သေနတ်ဖြင့် သွားရောက်ပစ်ခတ်၍ အကြမ်းဖက် စစ်အုပ်စုဖက်မှ တစ်ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်။

ထိုစကခ(၈)တပ်စခန်းသည် ကျိုက်ကော်-လေးကေ အဝေးပြေးလမ်းမဘေး တွင်ရှိပြီး ပစ်ခတ်မှုအပြီးတွင် ဒေသခံပြည်သူများ၊ ကား၊ ဆိုင်ကယ် များအား ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်း သိရှိရသည်။


Thoolei News - KNU -Department Of Information

https://www.facebook.com/KNUDOIHQ/

စကခ(၈) ပိန်နဲတောစခန်းရှေ့တွင် စနိုက်ဘာဖြင့် ပစ်ခတ်ခံရ၍ အကြမ်းဖက် စစ်အုပ်စုမှ တစ်ဦးကျဆုံး စကခ(၈) ပိန်နဲတောစခန်းရှေ့တွင် စနိုက်ဘာဖြင့် ပစ်ခတ်ခံရ၍ အကြမ်းဖက် စစ်အုပ်စုမှ တစ်ဦးကျဆုံး Reviewed by THITHTOOLWIN on 19:12 Rating: 5

No comments:

Powered by Blogger.