ရေးမှာ ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ


မွန်ပြည်နယ် ရေးမြို့နယ် နှင်းစုံကျေးရွာ အုပ်ချုပ်ရေးမှူးဟာ ဇွန်လ ၂၈ ရက်နေ့မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတို့ထံမှ သိရကြောင်း Dawei Watch က ရေးပါတယ်။

နှင်းစုံကျေးရွာ အုပ်ချုပ်ရေးမှူးကို ဇွန်လ ၂၈ ရက် ဒီကနေ့ မနက်ပိုင်းက အမည်မသိလူနှစ်ယောက်က လာရောက်ခေါ်ဆောင်သွားပြီးနောက် ရေး-မော်လမြိုင်လမ်းမကြီးဘေး ဆေးတောင်လမ်းဝအနီးမှာ ရုပ်အလောင်း ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်တယ်လို့လည် းသိရပါတယ်။

“ဦးခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာဆိုတော့ ပစ်သတ်သွားတယ်လို့ပဲ ယူဆရတာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရေးမြိုနယ်မှာ အခုလို ပစ်သတ်ခံရတဲ့ ဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ဇွန်လ ၂၄ ရက်နေ့က ရေးမြို့နယ် ဟံဂံကျေးရွာအနီး လူတစ်ဦး ပစ်သတ်ခံခဲ့ရပါတယ်။

ဒါ့အပြင် ဇွန်လ ၁၄ ရက်နေ့ကလည်း ရေးမြို့ အောင်မေတ္တာရပ်ကွက်ရှိ အလက (၂) ကျောင်းရှေ့မှာ ရပ်မိရပ်ဖတစ်ဦး ပစ်သတ်ခံခဲ့ရပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရေးမြို့နယ်အတွင်းမှာ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေ ဆက်တိုက် ဖြစ်ပွားနေတဲ့အပြင် စာသင်ကျောင်းတွေမှာ ဗုံးတွေ့ရှိမှုတွေ ဗုံးပေါက်ကွဲမှုဖြစ်စဉ်များလည်း ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57497528

ရေးမှာ ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ  ရေးမှာ ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 03:07 Rating: 5

No comments:

Powered by Blogger.