အင်ဂျန်းယန်မြို့နယ်သို့ စစ်ကူတက်လာသည့် စစ်​ကောင်စီ တပ် ကေအိုင်​အေ၏ တိုက်ခိုက်မှုခံရ



6 June 2021 - Kachinwaves 

ဂွေထောင်ကျေးရွာအထက် အင်ဂျန်းယန်မြို့ဘက်သို့ စစ်ကူ တက်လာသည့် စစ်ကောင်စီစစ်သားများနှင့် ​ကေအိုင်​အ ယနေ့နံနက် ၇နာရီခန့်တွင် တိုက်ပွဲ​​ဖြစ်ပွားခဲ့​ကြောင်းသတင်းရရှိသည်။ 

"ဂွေထောင်ကနေ စစ်ကောင်စီတပ် စစ်သားတွေ ၁၀၀ ကျော်  တက်လာတာကို ကေအိုင်အေက ပစ်တိုက်နေတယ်။ ဒီနေ့လည်း အင်ဂျန်းယန်က​​နေ ​ဂွေ​ထောင်ဘက်ကို လာကြိုတဲ့စစ်ကောင်စီတပ်တွေကိုရော တိုက်နေတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။

အင်ဂျန်းယန်ကျေးရွာတွင် ကေအိုင်အေနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်နေသည့်အတွက် စစ်ကောင်စီဘက်မှ ထိခိုက်မှုများ ကြောင်းသိရသည်။

စစ်​ကောင်စီတပ်ဘက်က အကျအရှုံးရှိသည့်အတွက် တန်ဖရဲကျေးရွာရှိ စစ်ကောင်စီတပ်စခန်းမှ အင်ဂျန်းယန်ဘက်သို့ လက်နက်ကြီးခြောက်ကြိမ် ပစ်ကူခဲ့ကြောင်း သိရသည်။

မြစ်ဆုံ တန်ဖရဲကျေးရွာတွင် တပ်ထိုင်သည့် စစ်ကောင်စီတပ် စခန်းတွင်လည်း စစ်အင်အားများ ထပ်ဖြည့်ထားသည်ဟု သိရသည်။

ဇွန် ၅ရက်​နေ့တွင်လည်း စစ်​ကောင်စီ ဂျက်​လေယာဥ်တစ်စင်း ဝဲပျံသွား​ကြောင်း သိရသည်။


Kachinwaves 

https://www.facebook.com/kachinwavesnews

အင်ဂျန်းယန်မြို့နယ်သို့ စစ်ကူတက်လာသည့် စစ်​ကောင်စီ တပ် ကေအိုင်​အေ၏ တိုက်ခိုက်မှုခံရ အင်ဂျန်းယန်မြို့နယ်သို့ စစ်ကူတက်လာသည့် စစ်​ကောင်စီ တပ် ကေအိုင်​အေ၏ တိုက်ခိုက်မှုခံရ Reviewed by THITHTOOLWIN on 19:43 Rating: 5

No comments:

Powered by Blogger.