မေလအတွင်း စာသင်ကျောင်း ၁၀၀ ကျော် တိုက်ခိုက်ခံရ

မေလအတွင်း စာသင်ကျောင်း ၁၀၀ ကျော် တိုက်ခိုက်ခံရ ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်မှာ ၂၀၂၁ မေ ၁၈ ရက်နေ့က စာသင်ကျောင်း မီးလောင်မှု ဖြစ်ခဲ့စဉ် / Photo: CJ

မြန်မာနိုင်ငံအနှံ့က စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေထဲမှာ စစ်တပ်က တပ်စွဲထားတာကြောင့် မေလအတွင်း စာသင်ကျောင်း ၁၀၃ ကျောင်းနဲ့ အခြားပညာရေးအဆောက်အုံအချို့ တိုက်ခိုက်ခံခဲ့ရပြီး ပေါက်ကွဲမှုတွေကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ Save the Children က ဒီနေ့ ဇွန် ၁၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ကျောင်းနဲ့ ကျောင်းပတ်ဝန်းကျင်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ကွဲမှုအများစုဟာ လက်လုပ်မိုင်းနဲ့ ပေါက်ကွဲစေ တက်တဲ့ ပစ္စည်းအများစုကို အသုံးပြုခဲ့ကြတဲ့အတွက် ကလေးတွေနဲ့ ဆရာ၊ ဆရာမတွေအတွက် အလွန် အန္တရာယ်များတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီပေါက်ကွဲမှုတွေကြောင့်ပဲ နိုင်ငံအဝှမ်း လူအများအပြား ထိခိုက်သေဆုံးတွေရှိခဲ့သလို ပညာရေးဆိုင်ရာ အဆောက်အအုံတွေလည်း အကြီးအကျယ်ပျက်စီးခဲ့တယ်လို့ Save the Children ဆိုပါတယ်။

ကလေးငယ်တွေကို သေနတ်ကိုင်ဖို့ သိသိသာသာ တွန်းအားပေးသလိုဖြစ်နေတဲ့ စာသင်ခန်းထဲက စစ်သား တွေရဲ့ အလွန်ကိုစိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတဲ့ ဓာတ်ပုံတွေဟာ ဒီတစ်ပတ် ဆိုရှယ်မီဒီယာတွေ ပေါ်မှာ ပျံ့နှံ့လာတဲ့အတွက် တုန်လှုပ်မိတယ်လို့လည်း Save the Children ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါ တယ်။

ပြီးခဲ့တဲ့ မတ်လကတည်းက တက္ကသိုလ်ပရိဝုဏ်တွေနဲ့ အနည်းဆုံး စာသင်ကျောင်း ၆၀ မှာ စစ်သားတွေဟာ တပ်စွဲထားခဲ့ကြတာဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

သင်ကြားရေးနေရာတွေ တိုက်ခိုက်ခံရတာဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်ကြောင့် တစ်နှစ်ကျော် ပညာသင်ယူမှု ဆုံးရှုံးခဲ့ရတဲ့ မြန်မာနိုင်ငံအတွင်းက ကလေးငယ် ၁၂ သန်းအတွက် ပညာသင်ဖို့ ပိုပြီးအဟန့်အတား ဖြစ်စေတယ်လို့ Save the Children က ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ နိုင်ငံရေးပဋိပက္ခတွေကြောင့် စာသင်ကျောင်းတွေ နေ့စဉ်နီးပါး တိုက်ခိုက်ခံရတာ၊ ဆရာ၊ ဆရာမ အများအပြား ကျောင်းပြန်မတက်နိုင်တာတွေဟာ ကလေး တွေရဲ့ ပညာရေးအပေါ် ထိခိုက်နစ်နာမှုတွေ ဖြစ်နေတယ်လို့ Save the Children က ဆိုပါတယ်။

စစ်တပ်က ဇွန်လ ၁ ရက်မှာ စာသင်ကျောင်းတွေကို တရားဝင်ဖွင့်လှစ်လိုက်ပေမယ့် ကျောင်းတက်တဲ့ ကျောင်းသားဦးရေဟာ ၄ ပုံ ၁ ပုံသာရှိတယ်လို့လည်း ပြည်တွင်းမီဒီယာတွေရဲ့ဖော်ပြချက်တွေကို ကိုးကားပြီး Save the Children ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/schools-attacked-in-may-06112021085126.html

မေလအတွင်း စာသင်ကျောင်း ၁၀၀ ကျော် တိုက်ခိုက်ခံရ  မေလအတွင်း စာသင်ကျောင်း ၁၀၀ ကျော် တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 23:39 Rating: 5

No comments:

Powered by Blogger.