မြန်မာနိုင်ငံဂီတအစည်းအရုံး ယာယီအမှုဆောင်စာရင်းမှာ ပါဝင်သူတချို့ နုတ်ထွက်

 မြန်မာနိုင်ငံဂီတအစည်းအရုံး ယာယီအမှုဆောင်စာရင်းမှာ ပါဝင်သူတချို့ နုတ်ထွက်

မြန်မာနိုင်ငံ ဂီတအစည်းအရုံး ယာယီအမှုဆောင်စာရင်း ဆိုပြီး မနေ့ ဇွန်လ ၃ ရက်ညနေပိုင်းက ထွက်ပေါ်လာခဲ့အပြီး စာရင်းမှာပါဝင်တဲ့ ဂီတအနုပညာရှင်နဲ့ အဆိုတော်တွေထဲက တချို့ဟာ မိမိသဘောအလျောက် နုတ်ထွက်မှုတွေ ရှိလာနေပါတယ်။

ဒီအမှုဆောင်စာရင်းမှာ ပါဝင်တဲ့ အဆိုတော်တချို့က သူတို့ကို စာရင်းမှာ ထည့်သွင်းထားတာကို အသိပေးခြင်း မရှိတဲ့အတွက် ကာယကံရှင်ကိုယ်တိုင်တောင် မသိဘူးလို့ ပြောကြားပါတယ်။

ဒီစာရင်းထဲက အဆိုတော် မနောနဲ့ တေးရေး အဆိုတော်ဝေကြီးတို့က ဒီတာဝန်ကို မထမ်းဆောင်နိုင်ကြောင်း ဂီတအစည်းအရုံးကို ပြန်လည်ပေးပို့တဲ့စာတွေကို လူမူကွန်ရက်ပေါ်ကနေ ထုတ်ပြန်ခဲ့ပါတယ်။ အမှုဆောင်စာရင်းရဲ့ ဥက္ကဋ္ဌနေရာမှာ ထည့်သွင်းထားတဲ့ အဆိုတော် ကိုင်ဇာကလည်း ကျန်းမာရေးအခြေအနေအရ တာဝန် မထမ်းဆောင်နိုင်ကြောင်း အကြောင်းပြန်ထားတဲ့စာကို ဒီနေ့ ဇွန် ၄ ရက် မနက်မှာပဲ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီအစိုးရ လက်အောက်မှာ ဖွဲ့စည်းဖို့ ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံးရဲ့ယာယီအမှုဆောင်အဖွဲ့ အမည်စာရင်းမှာ မြန်မာ့ရုပ်ရှင်တသက်စာ ထူးချွန်ဆုရထားတဲ့ ဗိုလ်ကလေးတင့်အောင်ကို နာယကအဖြစ် ထည့်သွင်းထားပြီး အလုပ်အမှုဆောင်အဖွဲ့ဝင်စုစုပေါင်း ၂၉ ယောက် ပါဝင်တာကို တွေ့ရပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အဆိုတော်နဲ့ သရုပ်ဆောင်တချို့ဟာ စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ က နဲ့ ဖမ်းဝရမ်း ထုတ်ခံထားရသလို အဲဒီပုဒ်မနဲ့ ဖမ်းဆီးခံထားရသူတွေလည်း ရှိနေပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

မြန်မာနိုင်ငံဂီတအစည်းအရုံး ယာယီအမှုဆောင်စာရင်းမှာ ပါဝင်သူတချို့ နုတ်ထွက်  မြန်မာနိုင်ငံဂီတအစည်းအရုံး ယာယီအမှုဆောင်စာရင်းမှာ ပါဝင်သူတချို့ နုတ်ထွက် Reviewed by THITHTOOLWIN on 23:26 Rating: 5

No comments:

Powered by Blogger.