သျှမ်းပြည်မှ တစ်ဆင့် ကယားပြည်သို့ စစ်ကောင်စီ အင်အားဖြည့် တင်းနေ

Photo by CJ

သျှမ်းသံတော်ဆင့်၊ ဇွန် ၁၇

သျှမ်းပြည်မှ တစ်ဆင့် ကရင်နီပြည် (ကယားပြည်) သို့ စစ်ကောင်စီက စစ်အင်အား တောက်လျှောက် ဖြည့်တင်း နေကြောင်း သတင်းသိရသည်။ 

ယနေ့( ဇွန် ၁၇)ရက်  နေ့လည်ပိုင်းတွင် စစ်ကောင်စီ အုပ်စုသည် သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့မှတဆင့် စစ်အင်အားနှင့် ရိက္ခာအပြည့် တင်ဆောင်လာသော ကားအစီး (၂၀) ခန့်သည့် လွိုင်ကော်မြို့သို့ ရောက်ရှိလာကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

"ဆိုက်ခေါင် - ဆီဆိုင်- လွိင်လင်လေး လမ်းကနေ လာကြတယ်လို့ကြားတယ်၊ လူကော ရိက္ခာရောပါတယ်၊ စစ်ကားကတော့ အစီး (၂၀) ခန့်ရှိတယ်" ဟု ၎င်း က ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီကို တော်လှန်နေသော ကရင်နီပြည်သူ့ကာကွယ်ရေးတပ်(KNDF) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားသည့် ကရင်နီပြည် အတွင်းသို့ စစ်ကောင်စီဖက်မှ တောက်လျှောက် စစ်အင်အား ဖြည့်တင်းမှုများ ရှိနေကြောင်း သိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

သျှမ်းပြည်မှ တစ်ဆင့် ကယားပြည်သို့ စစ်ကောင်စီ အင်အားဖြည့် တင်းနေ သျှမ်းပြည်မှ တစ်ဆင့် ကယားပြည်သို့ စစ်ကောင်စီ အင်အားဖြည့် တင်းနေ Reviewed by THITHTOOLWIN on 22:02 Rating: 5

No comments:

Powered by Blogger.