၂၄နာရီအတွင်း ပိုးစစ်သူ၆ထောင်ကျော်ထဲ တထောင်ကျော်မှာ ကိုဗစ်ပိုးတွေ့



Share/Bookmark
ကိုဗစ်သားကောင်ဖြစ်ခဲ့ရသူတဦးအား ရေခဲတိုက်သို့ပို့စဉ် (ဓာတ်ပုံ - Maulamyine Rescue Organization)

မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုဗစ်ရောဂါပိုးတွေ့သူ ၁၂၂၅ ဦးရှိကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ဇွန်လ ၂၈ရက်၊ ည၈နာရီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရက်ထဲ ပိုးတွေ့သူအရေအတွက် အများဆုံးလည်းဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ်အသီးသီးက ဓာတ်ခွဲနမူနာပေါင်း ၆ထောင်၅ ရာကျော်ထဲက လူ ၁၂၀၀ ကျော်မှာ ရောဂါပိုးကူးစက်နေတာဖြစ်ပြီး သေဆုံးသူက ၁၂ ဦးရှိတယ်လို့လည်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကပ်ရောဂါကူးစက်မှုမြင့်တက်လာတာကြောင့် မလိုအပ်ပဲ အိမ်ပြင်မထွက်ရ Stay-at-home အမိန့်ထုတ်ပြန်ထားတဲ့ မြို့နယ်ပေါင်း ၁၁ ခုထက်မနည်းရှိပါတယ်။ ခုလို ကိုဗစ်ရောဂါပိုးကူးစက်မှုမြင့်တက်လာတဲ့အတွက် ကပ်ရောဂါထိန်းချုပ်နိုင်ဖို့ ရန်ကုန်၊ ပဲခူး၊ မန္တလေးနဲ့ ပုသိမ်က ပိတ်ထားရတဲ့ စက်ရုံအလုပ်ရုံပေါင်းကလည်း ၂ ရာကျော်ရှိပါတယ်။ လက်ရှိချိန်ထိ ပိုးစစ်ဆေးမှုပေါင်း ၂၇ သိန်းကျော်ထဲမှာပိုးတွေ့သူ ၁သိန်းခွဲကျော်ရှိတယ်လို့လည်း ကြေငြာချက်မှာဖော်ပြထားပါတယ်။ သေဆုံးသူစုစုပေါင်းကတော့ ၃ ထောင့် ၃ ရာကျော်ရှိပါတယ်။

မြန်မာနိုင်ငံတွင်း အခုနှစ်ဆန်း ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြမှုတွေအတူ ကျန်းမာရေးဝန်ထမ်းတွေရဲ့ CDM အကြမ်းမဖက်အာဏာဖီဆန်ရေးတွေလုပ်နေတာကြောင့် ရောဂါပိုးစစ်ဆေးနိုင်မှု အားနည်းနေသလို၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကလည်း လုံးဝ ပြိုလဲသလိုဖြစ်နေပါတယ်။ ဒါကြောာင့် အခုလို ရောဂါကူးစက်မှုတွေ တိုးလာချိန်မှာ၊ အာဏာပိုင်တွေဖက်က ရောဂါထိန်းချုပ်ရေးကို ထိထိရောက်ရောက်လုပ်နိုင်ပါမလား သံသယတွေရှိနေကြပါတယ်။

မြန်မာနိုင်ငံ အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၂၈ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ ဓာတ်ခွဲနမူနာ စုစုပေါင်း (၆,၅၈၆) ခုကို စစ်ဆေးခဲ့တာမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ သစ် (၁,၂၂၅) ဦး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီကနေ့မှာဘဲ COVID-19 ရောဂါနဲ့ ထပ်မံသေဆုံးသူ (၁၂) ဦး ရှိတာကြောင့် အခုချိန်ထိ သေဆုံးသူ စုစုပေါင်း (၃,၃၀၉) ဦး ရှိသွားပြီ ဖြစ်ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုဗစ်ကပ်ရောဂါအတွက် ပြည်သူတွေ အထူး သတိပြုကြဖို့ ဒီကနေ့ ပြုလုပ်တဲ့ အမှုရုံးချိန်းအတွင်း ရှေ့နေတွေကတဆင့် သတင်းစကား ပါးခဲ့ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/more-covid-cases-are-tested-in-myanmar-after-military-coup-/5945524.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ