ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတွင် တိုက်ပွဲပြင်းထန်ဆဲ ၊ စစ်ရှောင်များ ထပ်မံတိမ်းရှောင်နေရ


ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာ ယနေ့ (ဇွန်လ ၁၁ ရက်နေ့) မွန်းလွဲပိုင်း ၂ နာရီအချိန်ကနေ ညနေ ၇ နာရီအထိ တိုက်ပွဲပြင်းထန်ဆဲဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူများ ဘေးလွတ်ရာကို ထပ်မံ တိမ်းရှောင်နေရတယ်လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။ 

“၂ နာရီဝန်းကျင်လောက်က စပစ်တာကြာပြီ အခုထိပဲ။ လက်နက်ကြီး၊ လက်နက်ငယ်သံတွေလည်း ဆက်တိုက်ကြားနေရတယ်။ ပစ်ခတ်မှု မရှိတဲ့ကျေးရွာတွေဘက်ကိုလည်း လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတယ်။ အနီးနားထိ လက်နက်ကြီးတွေကျတယ်။ “ လို့ သူက ပြောပါတယ်။ 

၎င်းတိုက်ပွဲမှာ KNDF နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး မြေပြင်အခြေအနေ အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။ 

ကရင်နီပြည်နယ်မှာ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာရသူ တစ်သိန်းဝန်းရှိနေပြီဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်သူ ဦးရေ အများဆုံးမြို့နယ်လည်း ဖြစ်တယ်လို့ သိရပါတယ်။


Kantarawaddy Times 

https://www.facebook.com/KantarawaddyTimes

ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတွင် တိုက်ပွဲပြင်းထန်ဆဲ ၊ စစ်ရှောင်များ ထပ်မံတိမ်းရှောင်နေရ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတွင် တိုက်ပွဲပြင်းထန်ဆဲ ၊ စစ်ရှောင်များ ထပ်မံတိမ်းရှောင်နေရ Reviewed by THITHTOOLWIN on 23:27 Rating: 5

No comments:

Powered by Blogger.