သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြန်လွတ်



Share/Bookmark
ဓာတ်ပုံ - အင်တာနက် စာမျက်နှာ

နေပြည်တော်၊ ဇွန် ၂၇၊ ၂၀၂၁

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေး ဇွန်လ ၂၆ ရက်က ပြန်လည် လွတ်မြောက်ကြောင်း သတင်းရပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ကိုလည်း ထမ်းဆောင်ခဲ့တဲ့ ဦးဇော်ဌေးဟာ နေပြည်တော်ရှိ စစ်ကြောရေး ရိပ်သာမှာ ထိန်းသိမ်းခံထားရာမှ ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးဇော်ဌေးကို ၎င်းတာဝန်ထမ်းဆောင်ခဲ့တဲ့ ရာထူးကနေ အနားပေးလိုက်ကြောင်းလည်း သတင်း ဖော်ပြချက်များ အရ သိရှိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နိုင်ငံ့အာဏာကို တပ်မတော်က လွှဲပြောင်းရယူ ထိန်းသိမ်းလိုက်ပြီး နောက်ပိုင်း ဦးဇော်ဌေးကို လည်း ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။

ဦးဇော်ဌေးဟာ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲပြီးနောက် အစိုးရ ဖြစ်လာတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း သမ္မတရုံး ညွှန်ကြားရေးမှူးနဲ့ သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ