ယင်းမာပင်မြို့နယ်မှာ နေအိမ် ရှစ်လုံး မီးရှို့ခံရ

ယင်းမာပင်မြို့နယ်မှာ နေအိမ် ရှစ်လုံး မီးရှို့ခံရ စစ်ကောင်စီတပ် မီးရှို့ထားတဲ့ ဘန့်ဘွေးရွာ နေအိမ်ထဲက ပစ္စည်းတွေကို ၂၀၂၁ ဇွန်လ ၂၂ ရက်နေ့က တွေ့ရစဥ် / Photo CJ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က ဘန့်ဘွေးရွာမှာ ဇွန်လ ၂၂ ရက်နေ့ မနေ့က ရွာထဲက နေအိမ် ရှစ်လုံး မီးရှို့ ဖျက်ဆီးခံလိုက်ရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

အဲဒီဒေသဘက်မှာရှိတဲ့ တရော်ကျင်းကျေးရွာမှာ မနေ့က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေက အဲဒီရွာကနေ အိမ်တွေကို မီးရှို့ခဲ့တာလို့ ရွာသားတွေက ပြောဆိုကြပါတယ်။

အခုလိုနေအိမ်တွေ မီးရှို့ခံလိုက်ရတာကြောင့် လူဦးရေ ၄၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်လို့ ဆိုပါတယ်။

မနေ့က တရော်ကျင်းကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က တစ်ဦး ကျဆုံးခဲ့ပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်ကလည်း အထိအခိုက်ရှိနိုင်ပေမယ့် အသေးစိတ်ကို အတည်မပြု နိုင်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဘန့်ဘွေးရွာမှာ နေအိမ် ရှစ်လုံးကို မီးရှို့ခဲ့တယ်လို့ ကျေးရွာသားတွေ ပြောဆိုချက်နဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဒီနေ့ညနေက တယ်လီ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိတာကြောင့် လတ်တလော စစ်ကောင်စီရဲ့ တုံ့ပြန်ချက် ကို မရသေးပါဘူး။


RFA Burmese

https://www.rfa.org/burmese/news/soldiers-fire-house-in-yinmarpin-village-06232021084715.html

ယင်းမာပင်မြို့နယ်မှာ နေအိမ် ရှစ်လုံး မီးရှို့ခံရ  ယင်းမာပင်မြို့နယ်မှာ နေအိမ် ရှစ်လုံး မီးရှို့ခံရ Reviewed by THITHTOOLWIN on 21:15 Rating: 5

No comments:

Powered by Blogger.