ဒီမော့ဆိုမြို့နယ် ငွေတောင် အထကကျောင်းဝန်းမှာ ပုပ်ပွသေဆုံးလျက်ရှိတဲ့ အလောင်း ၄လောင်းထပ်မံတွေ့ရှိ








ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ် ငွေတောင် အထကကျောင်းဝန်းမှာ ပုပ်ပွသေဆုံးလျက်ရှိတဲ့ အလောင်း ၄လောင်းကို ဒီကနေ့ ဇွန်လ ၁၇ရက်နေ့ နေ့ခင်းပိုင်းမှာ ထပ်မံ တွေ့ရှိတယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။ 

နောက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးပစ်သတ်ခံရတဲ့ အနေအထားဖြစ်သလို သေဆုံးတာကြာမြှင့်ပြီဖြစ်တဲ့အတွက် သေဆုံးသူတွေရဲ့အရိုးစုမှာ ဆွေး​မြေ့နေပြီဖြစ်တယ်လို့ သိရပါတယ်။

ယမန်နေ့(ဇွန်လ၁၆ရက်)နေ့မှာ ဒီမော့ဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲကြောင့် သေဆုံးသူတွေရဲ့အလောင်း အရိုးစုကို သံဃာဆရာတော်များက စုပြီး သဂြိုလ်ပေးခဲ့ပါသေးတယ်။

ကရင်နီပြည်၊ ဒီမော့ဆိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့တလျှောက် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာတွေမှာ တပ်စွဲနေထိုင်ခဲ့ပြီး ပြည်သူပိုင်နေအိမ်၊ ပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။


Kantarawaddy Times 

https://www.facebook.com/KantarawaddyTimes

ဒီမော့ဆိုမြို့နယ် ငွေတောင် အထကကျောင်းဝန်းမှာ ပုပ်ပွသေဆုံးလျက်ရှိတဲ့ အလောင်း ၄လောင်းထပ်မံတွေ့ရှိ ဒီမော့ဆိုမြို့နယ် ငွေတောင် အထကကျောင်းဝန်းမှာ ပုပ်ပွသေဆုံးလျက်ရှိတဲ့ အလောင်း ၄လောင်းထပ်မံတွေ့ရှိ Reviewed by THITHTOOLWIN on 21:59 Rating: 5

No comments:

Powered by Blogger.