နမ့်လန်မြို့ မန်လီကျေးရွာဈေး မိုင်းပေါက်ကွဲ၊ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိ


ဇွန် (၉ )ရက် ၂၀၂၁

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ မန်လီဈေးအတွင်း လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး၊ ပြည်သူ ( ၂ ) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (ဇွန် ၈)ရက် မနက်(၂)နာရီတွင် နမ့်လန်မြို့ မန်လီဈေး အတွင်း လက်လုပ်မိုင်းပေါက်ကွဲခဲ့ပြီး၊ မနက် ဈေးရန် အတွက် အိပ်စောင့်သည့် ပြည်သူ (၂ ) ဦး ထိမှန်းခဲ့ကြောင်း သတင်းရရှိကြောင်း သိရသည်။

“ သူတို့က ဇွန် (၉ )ရက် မနက်မန်လီဈေးနေ့ ရောင်းဖို့ အတွက်  သွားရောက်အိပ်စောင့်တဲ့သူတွေပါ။ နမ့်လန် ကနေသွားတဲ့ သူ (၁) ဦးလည်း ထိသွားတယ်။ ကျန်တစ်ယောက်တော့ဘယ်သူလဲမသိဘူး။  ငါးကိုထောင်တဲ့ဗုံးနဲ့ လာပစ်တာ။ ဘယ်သူဘယ်အဖွဲ့လဲတော့မသိဘူး။” ဟု နမ့်လန်မြို့ ဒေသခံတစ်ဦးက ပြောသည်။ 

လက်ရှိ ဒဏ်ရာရရှိထားသည့် ပြည်သူ (၂) ဦးသည် နမ့်လန်မြို့ ဆေးရုံတွင် ဆေးကုသခံယူနေကြောင်း သိရသည်။

ထိုနည်းတူ ဇွန် (၃)ရက် တွင် နမ့်လန်မြို့ အထက်တန်းကျောင်း အနောက်ဘက်တွင် ဗုံးပေါက်ကွဲခဲ့ပြီး ယနေ့ ဇွန် ၉ ရက်တွင် နမ့်လန်မြို့ဈေးနေ့ဖြစ်သည့် အတွက်ကြောင့် ဗုံးလာထောင်သည့်သူရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဈေး၊ ကျောင်းများ စသည့် နေရာများသည် မကြာခဏ ဗုံးပေါက်ကွဲမှုရှိကြောင်းသိရသည်။ 


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

နမ့်လန်မြို့ မန်လီကျေးရွာဈေး မိုင်းပေါက်ကွဲ၊ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိ နမ့်လန်မြို့ မန်လီကျေးရွာဈေး  မိုင်းပေါက်ကွဲ၊ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 20:32 Rating: 5

No comments:

Powered by Blogger.