ကယားမှာ တိုက်ပွဲကြောင့်သေဆုံးသူ ၇၁ ဦးကျော်ပြီ

ကယားမှာ တိုက်ပွဲကြောင့်သေဆုံးသူ ၇၁ ဦးကျော်ပြီ

ကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် သေဆုံး ၇၁ ဦးအထိရှိလာပြီလို့တိုးတက်သောကရင်နီပြည်သူ့အင်အားစု-PKPF ကထုတ်ပြန်ပါတယ်။

အဆိုပါ စာရင်းထဲမှာ အကြောင်းမဲ့ ပစ်သတ်ခံရတဲ့သူတွေပါဝင်သလို အရွယ်မရောက်သေးတဲ့ ကလေးငယ် သုံးယောက်လည်း သေဆုံးခဲ့တယ်လို့လည်းဖော်ပြပါတယ်။၊

ဒီးမော့ဆိုမြို့နယ်က သေဆုံးသူ ၄၇ ဦးနဲ့ အရေအတွက်အများဆုံးဖြစ်ပြီး လွိုင်ကော်က ၁၈ ဦး ၊ မိုးဗြဲက ၄ ဦး ၊ ဖယ်ခုံက ၁ ဦးနဲ့ ဘော်လခဲ မြို့နယ်က (၁)ဦး တို့ဖြစ်တယ်လို့လည်းသိရပါတယ်။၊

လက်ရှိအချိန်ထိ စစ်ကောင်စီနဲ့ KNDF တပ်ဖွဲ့ဝင်တွေ အပစ်ရပ်ထားပေမယ့်လို့ ဒီးမောဆိုအရှေ့ဖက်ခြမ်းမှာ စိုးရိမ်ရတဲ့အခြေအနေ ရှိနေသေးတယ်လို့လဲ PKPF ရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

လက်ရှိမှာ ကယားပြည်နယ်အတွင်းနဲ့ ကယားနယ်စပ်တွေထဲက ဘေးလွတ်ရာတောတွေထဲ ထွက်ပြေးတိမ်း ရှောင်နေရတဲ့ စစ်ဘေးရှောင်အရေအတွက် တစ်သိန်းဝန်းကျင်ရှိလာပြီလို့ ဒေသခံလူမှုကူညီရေးအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

ကယားပြည်နယ်အတွင်းသေဆုံးခဲ့သူတွေ အရေအတွက် စုစုပေါင်းကိုတော့ စစ်ကောင်စီဘက်ကထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။


BBC Burmese

https://www.bbc.com/burmese/live/burma-57497528

ကယားမှာ တိုက်ပွဲကြောင့်သေဆုံးသူ ၇၁ ဦးကျော်ပြီ ကယားမှာ တိုက်ပွဲကြောင့်သေဆုံးသူ ၇၁ ဦးကျော်ပြီ Reviewed by THITHTOOLWIN on 20:46 Rating: 5

No comments:

Powered by Blogger.