ကလေးမြို့မှာ လူငယ် ၁၂ ဦး ဖမ်းဆီးခံထားရ


စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဒေသခံလူငယ် ၁၂ ဦးကို ဇွန် ၄ ရက်နေ့ မနေ့ ညနေက စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

အဲဒီလူငယ်တွေဟာ မြို့သာရပ်ကွက်အနီးက နွားကျောင်းတဲတစ်ခုမှာ အရက်ဝိုင်းဖွဲ့သောက်နေစဉ် စစ်ကောင်စီ တပ်သားတွေက ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးခံသူတစ်ဦးနဲ့ဆက်စပ်ပြီး သူတို့ထိုင်နေတဲ့ နေရာအနီးကတဲကို ဝင်ရောက်ရှာဖွေရာမှာ ဘယ်သူ့ကိုမှမတွေ့ဘဲ လေသေနတ်တစ်လက် တွေ့တယ်ဆိုပြီး အဲဒီလူငယ် ၁၂ ဦးကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရတွေဟာ ကိုရဲအောင်ဖြိုး၊ ကိုလန်ဘား၊ ကိုပိုင်ပိုင်၊ ကိုငရှော့၊ ကိုအောင်ချမ်းဦး၊ ကိုခိုင်ကျော်ဦး၊ ကိုအောင်ကြိုင်ထွန်း၊ ကိုမောင်တူး၊ ကိုကျော်လင်းဆွေ၊ ဦးယောနဲ့ ကိုအောက်သားတို့ ဖြစ်ပါတယ်။

သူတို့ကို ကလေး ဒေသကွပ်ကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ) ထိန်းသိမ်းထားပြီး မိသားစုနဲ့ ဖုန်းဆက်သွယ်ပြော ဆိုခွင့် ပေးထားတယ်လို့လည်း မိသားစုဝင်တစ်ဦးက ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/twelve-people-arrested-in-kale-06052021085100.html

ကလေးမြို့မှာ လူငယ် ၁၂ ဦး ဖမ်းဆီးခံထားရ  ကလေးမြို့မှာ လူငယ် ၁၂ ဦး ဖမ်းဆီးခံထားရ Reviewed by THITHTOOLWIN on 00:25 Rating: 5

No comments:

Powered by Blogger.