စစ်ကောင်စီကို အရေးယူရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် ကုလ ညီလာခံမှာ မဲခွဲဆုံးဖြတ်မယ်

အာဏာသိမ်း စစ်ကောင်စီကို ပြစ်တင် အရေးယူရေးနဲ့ ပတ်သက်လို့ ဆုံးဖြတ်ပြဌာန်းချက်တစ်ခုကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဒီကနေ့ မဲခွဲ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

မဖြစ်မနေ လိုက်နာဖို့ စည်းနှောင်ထားခြင်း မရှိတဲ့ ဒီဆုံးဖြတ်ပြဌာန်းချက် မူကြမ်းကို ရေးဆွဲနေတာ သီတင်းပတ်နဲ့ချီ ကြာခဲ့ပြီး အနောက်အုပ်စုတွေနဲ့ အာဆီယံအဖွဲ့အကြား ဆွေးနွေးပြောဆိုခဲ့မှုကနေ ထွက်ပေါ်လာခဲ့တာပါ။

အဲဒီ ဆုံးဖြတ်ပြဌာန်းချက်ထဲမှာ မြန်မာနိုင်ငံထဲ လက်နက်တွေ လှိမ့်ဝင်နေတာကို တားဆီးပိတ်ပင်ပေးဖို့ အဖွဲ့ဝင်နိုင်ငံတွေကို ပန်ကြားထားပါတယ်။ နိုဝင်ဘာလ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ အာဏာသိမ်း စစ်ကောင်စီကို တိုက်တွန်းထားပါတယ်။

တခါ ဒီကနေ့မှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ အလွတ်သဘော ဆွေးနွေးပြောဆိုကြဖို့ ရှိပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57497528

စစ်ကောင်စီကို အရေးယူရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် ကုလ ညီလာခံမှာ မဲခွဲဆုံးဖြတ်မယ်  စစ်ကောင်စီကို အရေးယူရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် ကုလ ညီလာခံမှာ မဲခွဲဆုံးဖြတ်မယ် Reviewed by THITHTOOLWIN on 06:19 Rating: 5

No comments:

Powered by Blogger.