သင်္ဃန်းကျွန်း ဂဖူးကွေ့ဈေးမှာ စစ်တပ်သတင်းပေးအဖြစ် စွပ်စွဲခံရသူတစ်ဦး အသတ်ခံရ

သင်္ဃန်းကျွန်း ဂဖူးကွေ့ဈေးမှာ စစ်တပ်သတင်းပေးအဖြစ် စွပ်စွဲခံရသူတစ်ဦး အသတ်ခံရ သင်္ဃန်းကျွန်းမြို့နယ် ဂဖူးကွေးဈေးထဲက ငါးစိမ်းရောင်းတဲ့ ကျားကြီး(ခ) ကိုစိန်လှိုင်ဝင်း အသတ်ခံရတဲ့ နေရာကို ၂၀၂၁ ဇွန် ၁၉ ရက်နေ့က တွေ့ရစဉ် / Photo: CJ

သင်္ဃန်းကျွန်းမြို့နယ် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်အနားက ဂဖူးကွေ့ဈေးမှာ ဇွန်လ ၂၉ ရက် ဒီနေ့ မနက် ၈ နာရီလောက်က အာဏာသိမ်းစစ်ကောင်စီကို သတင်းပေးတယ်လို့ နာမည်ကြီးနေတဲ့ ကျားကြီး(ခ) ကိုစိန်လှိုင်ဝင်း ဆိုသူ သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးချိန်မှာ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ရဲတွေရောက်လာပြီး အလောင်းကို သယ်ယူ သွားကြသလို သွားဆေးတက္ကသိုလ်တဝိုက်နဲ့ ပစ်ခတ်မှုဖြစ်တဲ့ ဂဖူးကွေ့ဈေးအနားမှာ စစ်ဆေးမှုတွေပြုလုပ် ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ကျားကြီး ခေါ် ကိုစိန်လှိုင်ဝင်း အပစ်ခံရပြီးချိန်မှာ အနီးအနားက ဈေးသည်တွေ ကြောက်လန့်ပြီး ဆိုင်တွေ ပိတ်သွားကြတာကို ပစ်ခတ်မှုဖြစ်ပြီးချိန် ရိုက်ထားတဲ့ CJ တစ်ယောက်ရဲ့ ဗီဒီယိုဖိုင်မှာ မြင်တွေ့ရသလို စစ်ကောင်စီတပ်တွေကလည်း ဈေးထဲရောက်လာပြီး မပိတ်သေးတဲ့ ဈေးဆိုင်အချို့ကို ပိတ်ခိုင်းတာတွေ လုပ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဈေးသည်အချို့က ပြောပါတယ်။

သေဆုံးသွားတဲ့ ကျားကြီး(ခ)ကိုစိန်လှိုင်ဝင်းဆိုသူဟာ အသက် ၃၅ နှစ်ဝန်းကျင်ရှိပြီး ဂဖူးကွေးဈေးထဲမှာ ငါးစိမ်းရောင်းတဲ့ အလုပ် လုပ်ကိုင်နေရင်း စစ်ကောင်စီကို သတင်းပေးတဲ့အလုပ်ကိုပါ လုပ်ကိုင်နေတာလို့ ရပ်ကွက်နေပြည်သူအချို့က ဒေသခံ သတင်းမီဒီယာတွေကို ဖြေဆိုထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/seinghlaingwin-killed-in-thingangyun-fish-market-06292021034814.html

သင်္ဃန်းကျွန်း ဂဖူးကွေ့ဈေးမှာ စစ်တပ်သတင်းပေးအဖြစ် စွပ်စွဲခံရသူတစ်ဦး အသတ်ခံရ  သင်္ဃန်းကျွန်း ဂဖူးကွေ့ဈေးမှာ စစ်တပ်သတင်းပေးအဖြစ် စွပ်စွဲခံရသူတစ်ဦး အသတ်ခံရ Reviewed by THITHTOOLWIN on 19:47 Rating: 5

No comments:

Powered by Blogger.