မိုးဗြဲဒေသခံ (၂)ဦး သေနတ်ပစ်ခတ်ခံရ၊ ဒဏ်ရာပြင်းထန်


သျှမ်းသံတော်ဆင့်၊ ဇွန် ၃

သျှမ်း-ကယား( ကရင်နီပြည်) နယ်စပ် သျှမ်းတောင် မိုးဗြဲမြို့တွင် ယမန် (ဇွန် ၂)ရက် ည ၇နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီ တပ်သားသည် အရပ်သား (၂)ဦးကို  သေနတ် ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန် ၂)ရက် ည (၇)နာရီတွင် မိုးဗြဲမြို့တွင်း လမ်းလျှောက်သွားလာနေသည့် အသက် (၃၅)နှစ် အရွယ်ရှိ အမျိုးသား (၂)ဦးကို စစ်ကောင်စီ အုပ်စု က  တစုံတရာ မေးမြန်းခြင်းမပြုဘဲ သေနတ်ဖြင့် ပစ်ခတ်မှုပြုလုပ်ကာ အရပ်သား (၂)ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း အမည်မဖော်လိုသည့် မိုးဗြဲဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ စနိုက်ပါ (Sniper )နဲ့ပစ်တယ်လို့ယူဆလို့ရတယ်။ ဒဏ်ရာကတော့ ပါး ကျည်ဖောက်ဝင်တယ်။ နောက်တယောက်က ချိုင်းအောက် ကျည်ဆန်ဝင်တယ်။ ဒဏ်ရာတွေက ပြင်းတယ်။ အခုထိတော့ အသက်ရှင်နေသေးတယ်” ဟု မိုးဗြဲဒေသခံကပြောသည်။

စစ်ကောင်စီ အုပ်စု လမ်းသွားလမ်းလာများကို သေနတ်ပစ်ခတ်သည့်အချိန်သည် ည(၇)နာရီအချိန်သာရှိသေးကြောင်း၊ ညမထွက်ရ အမိန့်အချိန်မဟုတ်ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီ အုပ်စုသည် အရပ်သားပြည်သူများကို ရန်သူသဖွယ်ပြုမူပြီး ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေသည့်ပုံစံဖြစ်နေကြောင်း လည်း မိုးဗြဲဒေသခံများက ပြောဆိုလိုက်သည်။

ထိုသေနတ်ပစ်ခံရသည့်သူသည် သာမာန်ပြည်သူများဖြစ်ပြီး၊ လက်နက်ကိုင်အဖွဲ့အစည်းနှင့်ဆက်စပ်မှု မရှိကြောင်း သိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

မိုးဗြဲဒေသခံ (၂)ဦး သေနတ်ပစ်ခတ်ခံရ၊ ဒဏ်ရာပြင်းထန် မိုးဗြဲဒေသခံ (၂)ဦး သေနတ်ပစ်ခတ်ခံရ၊ ဒဏ်ရာပြင်းထန် Reviewed by THITHTOOLWIN on 21:10 Rating: 5

No comments:

Powered by Blogger.