မြင်းခြံမြို့မှာ ယာဉ်ထိန်းရဲတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

မြင်းခြံမြို့မှာ ယာဉ်ထိန်းရဲတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ မြင်းခြံမြို့မှာ ယာဉ်ထိန်းရဲ သေနတ်နဲ့ ပစ်ခတ်ခံရလို့ ၂၀၂၁ ဇွန် ၁၈ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့များ လာရောက်စစ်ဆေးတာကို တွေ့ရစဉ် / Photo: CJ

မန္တလေးတိုင်း မြင်းခြံမြို့ အမှတ် ၁၉ ရပ်ကွက် စွန်းလွန်း တံတားတောင်ဘက်ထိပ်မှာ ယာဉ်ထိန်းရဲတစ်ဦးဟာ ဇွန် ၁၈ ရက် ဒီနေ့မနက် ၉ နာရီဝန်းကျင်မှာ သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ မြင်းခြံမြို့ခံတွေက RFA ကိုပြောပါတယ်။

အဲဒီ ယာဉ်ထိန်းရဲဟာ မြင်းခြံမြို့ တောင်ဘက် ဒဏ္ဍာရီလက်ဖက်ရည်ဆိုင် အနီးလမ်းဆုံမှာ ကားနဲ့ ဆိုင်ကယ် တွေကို စစ်ဆေးမှုတွေလုပ်ဖို့ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း စွန်းလွန်းတံတားကိုဖြတ်ပြီး ဆိုင်ကယ်နဲ့ သွားနေတဲ့ အချိန် ဘေးတစ်ဘက်မှာ ဆိုင်ကယ်တစ်စီးက ရုတ်တရက် ကပ်လာပြီး အနီးကပ် ပစ်ခတ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"အခုဖြစ်သွားတာက လမ်းဆုံနဲ့ တံတားရဲ့ကြားမှာပေါ့။ အနီးကပ် ပစ်ခံလိုက်ရတာ။ ကျည်က လည်ပင်းကို ဖောက်ထွက်သွားတယ်လို့ သိရတယ်။ရဲနဲ့ စစ်သားတွေကတော့ လိုက်ထရက် နှစ်စီးနဲ့ ရောက်လာပြီး စစ်ဆေးမှုတွေလုပ်နေပြီ"

သေနတ်နဲ့ပစ်ခတ်ခံလိုက်ရတဲ့ ယာဉ်ထိန်းရဲရဲ့ အမည်နဲ့ ရာထူးကိုတော့ RFA က အတည်မပြုနိုင်သေးပါဘူး။ အဲဒီယာဉ်ထိန်းရဲဟာ မြင်းခြံမြို့မှာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဆိုင်ကယ်နဲ့ ကားတွေကို စစ်ဆေးမှုတွေပြုလုပ်ရာမှာ အရပ်သားတွေကို မောက်မောက်မာမာ ပြောဆိုဆက်ဆံတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်အမှုထမ်းနေတဲ့သူတွေ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်အများစုမှာ လုပ်ကြံသူတွေဟာ ဆိုင်ကယ်နဲ့ ကားတွေကို အသုံးပြုတာကြောင့် စစ်ကောင်စီရဲ့ လက်အောက်ခံ လက်နက်ကိုင် တပ်တွေနဲ့ ယာဉ်ထိန်းရဲတွေ ပူးပေါင်းပြီး ဆိုင်ကယ်နဲ့ ကားတွေကို အသေးစိတ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေတာလို့ ဒေသခံတွေကပြောပါတယ်။

အဲဒီလို ဆောင်ရွက်မှုတွေကြောင့်ပဲ ပြီးခဲ့တဲ့ လအနည်းအငယ်အတွင်း တရားမဝင် မော်တော်ယာဉ်တွေနဲ့ ဆိုင်ကယ်တွေ အများအပြား ဖမ်းဆီးရမိခဲ့ပြီး အဲဒီလိုင်စင်မဲ့ယာဉ်တွေကြောင့် လုံခြုံရေးကျိုးပေါက်ခဲ့တဲ့ ဖြစ်စဉ် တွေ မကြာခဏဖြစ်ပေါ်ခဲ့တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန် ၁၇ ရက် မနေ့က စစ်ကောင်စီရဲ့ ကိုးကြိမ်မြောက် စီမံခန့်ခွဲမှု အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/myingyan-traffic-police-being-shot-06182021062319.html

မြင်းခြံမြို့မှာ ယာဉ်ထိန်းရဲတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ  မြင်းခြံမြို့မှာ ယာဉ်ထိန်းရဲတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 06:13 Rating: 5

No comments:

Powered by Blogger.