အထည်ချုပ်နဲ့ စက်မှုဇုန်လုပ်သားအများစု အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေများလာ

ပြည်တွင်းက အထည်ချုပ်စက်ရုံတွေမှာရှိတဲ့အလုပ်သမားတွေနဲ့ စက်မှုဇုန်လုပ်သားတချို့ဟာ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကစပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတဲ့အမှုတွေများပြားလာတယ်လု့ိ အလုပ်သမားအရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းအချို့က ဘီဘီစီကိုပြောပါတယ်။

စက်မှုဇုန်လုပ်သားတွေအနေနဲ့ အလုပ်သမားဥပဒေအရပေးထားတဲ့ အနိမ့်ဆုံးလုပ်ခလစာတွေ၊ ခွင့်ခံစား ခွင့်တွေ၊ အချိန်ပိုကြေးတွေမရတာ၊ ဖြတ်တောက်ခံရတာတွေကြုံနေရတယ်လို့ဆိုပါတယ်။

" အရင်ကတော့ ဒီလိုအခွင့်အရေးတွေ ချိုးဖောက်ခံရတာတွေရှိရင် အလုပ်သမားသမဂ္ဂရှိတယ်။ အခုတော့ စက်ရုံတွေဘက်က ခုခေတ်ကအရင်ခေတ်မဟုတ်တော့ဘူး။ နင်တို့တောင်းတိုင်း မပေးနိုင်ဘူးလို့ပြော လာတာတွေရှိတယ်။ အလုပ်သမားရုံးတွေက တိုင်ကြားမှုယန္တာရားတွေလည်း မရှိတော့ဘူး။ အလုပ်သမား ဥပဒေဆိုတာ စာအုပ်ထဲမှာပဲရှိတော့တယ် ။ အရင်ကတည်းက စာအုပ်ထဲမှာပဲရှိတာပါ။ ဒါပေမယ့် အလုပ်သမား သမဂ္ဂတွေကတောင်းဆိုပေးနေလို့အခွင့်အရေးတွေမဆုံးရှုံးတာ။ အခုကတော့ ကြောက်ခေတ် ကိုပြန်ရောက်သွားပြီလို့ " မြန်မာနိုင်ငံကုန်ထုတ်နဲ့ စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ်က ဒုတိယဥက္ကဋ္ဌ မဝင်းသိဂီစိုးက ဘီဘီစီကိုပြောပါတယ် ။

ဒါအပြင် စစ်ကောင်စီအစိုးရအနေနဲ့ အလုပ်သမားအဖွဲ့အစည်းရုံးတွေကိုဝင်ရောက်ရှာဖွေတာ၊ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်တွေကိုဖမ်းဆီးတာတွေနဲ့ အလုပ်သမားအဖွဲ့အစည်းခေါင်းဆောင်တွေကိုဖမ်းဆီး ထောင်ချတာ ၊ ဝရမ်းထုတ်ပုဒ်မတပ်တာတွေလုပ်ဆောင်နေတယ်လို့အလုပ်သမားအရေးဆောင်ရွက်နေသူ တွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ရက်နေ့နောက်ပိုင်းမှာ ပြည်တွင်းမှာရှိတဲ့အထည်ချူပ်စက်ရုံတချို့ဟာ ကုန်ကြမ်းရဖို့ခက်ခဲတာ ၊ ပြည်ပအော်ဒါမရတော့တာတွေကြောင့် ပိတ်သိမ်းခဲ့ကြပါတယ်။ စက်မှုဇုန်လုပ်သားတွေအများစုနေထိုင်ကြတဲ့ လိူင်သာယာမြို့နယ်ထဲမှာလည်း စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြလို့ ပစ်ခတ်နှိမ်နှင်းခံရတာတွေရှိခဲ့ပြီး လူသေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။

ဒါကြောင့်စစ်အုပ်ချုပ်ရေးကြေညာခံခဲ့ရတဲ့ လိူင်သာယာမြို့နယ်ကနေ အလုပ်သမားထောင်ချီနေရပ်ပြန်ခဲ့ကြ ပါတယ်။ လက်ရှိလိူင်သာယာမြို့နယ်ထဲမှာလည်း ပိတ်သိမ်းလိုက်တဲ့အထည်ချုပ်စက်ရုံပေါင်း ၁၃ရုံရှိနေပြီလို့ မြန်မာနိုင်ငံကုန်ထုတ်နဲ့ စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ်ကကောက်ယူထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/live/burma-57497528

အထည်ချုပ်နဲ့ စက်မှုဇုန်လုပ်သားအများစု အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေများလာ အထည်ချုပ်နဲ့ စက်မှုဇုန်လုပ်သားအများစု အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေများလာ Reviewed by THITHTOOLWIN on 20:08 Rating: 5

No comments:

Powered by Blogger.