ဖမ်းထားသူတွေပြန်လွှတ်ရေး စစ်ကောင်စီကို ဂျပန် ဆက်လက်တောင်းဆိုမယ်

G20 အစည်းအဝေးမှာ တွေ့ရတဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး မိုတေးဂိ

ဖမ်းဆီးထားသူတွေကို လွှတ်ပေးရေး အာဏာသိမ်း စစ်တပ်ကို ဂျပန်နိုင်ငံ အနေနဲ့ အပြင်းအထန် ဆက်လက် တောင်းဆိုသွားမှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး တိုရှိမစ်ဆု မိုတေးဂိက လောလောလတ်လတ် မှာပဲ ပြောခဲ့တယ် ဆိုပြီး ဂျပန် ပြည်တွင်း သတင်းဌာနတွေက ရေးနေပါတယ်။

စက်မှုထိပ်သီး နိုင်ငံ ၂၀ G20 ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ အီတလီနိုင်ငံ တောင်ပိုင်း၊ မတ်ထဲရာ Matera မြို့မှာ တွေ့ဆုံကြတုန်း၊ ဝန်ကြီး မိုတေးဂိဟာ အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီး မစ္စ ရက်တနို မာဆုဒီ နဲ့ ဘရူနိူင်း ဒုနိုင်ငံခြားရေးဝန်ကြီး ဒါတို အီရဝန် ပီဟင်း ယူဆွဖ် တို့နဲ့လည်း သီးခြားဆီ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတုန်းမှာ ဂျပန်နိုင်ငံရဲ့ မြန်မာဆိုင်ရာ သဘောထားတွေကို ဝန်ကြီး မိုတေးဂိ ထည့်သွင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံထဲထိ အာဆီယံ အထူးသံတမန် သွားရောက်ပြီး မြန်မာ့ အကျပ်အတည်း ပြဿနာတွေကို ကူညီဖြေရှင်းမယ် ဆိုတဲ့ အစီအစဥ်ကို ဂျပန်က ထောက်ခံကြောင်းလည်း ဝန်ကြီး မိုတေးဂိက ပြောခဲ့ပါတယ်။

စစ်အာဏာ အသိမ်းခံရတဲ့ နောက်ပိုင်း မြန်မာအရေးဟာ နိုင်ငံတကာ တွေ့ဆုံပွဲတွေမှာ ဦးစားပေး ထည့်သွင်းဆွေးနွေး ပြောဆိုစရာ အကြောင်းအရာ ဖြစ်နေပါတယ်။

အခု ဂျပန်နိုင်ငံခြားရေး ဝန်ကြီးတွေ့ဆုံ ခဲ့တဲ့ အာဆီယံနိုင်ငံတွေကို ကြည့်ရင်၊ ဘရူနိုင်းဟာ အာဆီယံ အလှည့်ကျ ဥက္ကဌ ဖြစ်နေသလို၊ အင်ဒိုနိုင်ငံခြားရေး ဝန်ကြီး မစ္စမာဆုဒီဟာလည်း မြန်မာအရေး အာဆီယံ အစည်းအဝေး ဖြစ်လာအောင် ကမကထလုပ် ဆော်ဩခဲ့သူ ဖြစ်ပါတယ်။

အီတလီနိုင်ငံ တောင်ပိုင်း၊ မတ်ထဲရာ Matera မြို့ EPA၊ G20 အစည်းအဝေး

BBC Burmese

https://www.bbc.com/burmese/live/burma-57652919

ဖမ်းထားသူတွေပြန်လွှတ်ရေး စစ်ကောင်စီကို ဂျပန် ဆက်လက်တောင်းဆိုမယ်  ဖမ်းထားသူတွေပြန်လွှတ်ရေး စစ်ကောင်စီကို ဂျပန် ဆက်လက်တောင်းဆိုမယ် Reviewed by THITHTOOLWIN on 20:41 Rating: 5

No comments:

Powered by Blogger.