ဝင်းရေးမြို့နယ် တံခွန်တိုင်ကျေးရွာတွင် တိုက်ပွဲဖြစ်၊ရွာသားတစ်ချို့တိမ်းရှောင်နေရ


ဇွန်၊၄ ရက်၊ သူးလေသတင်းစဥ် 

ကေအန်ယူ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် တံခွန်တိုင်ကျေးရွာ ရဲစခန်းမှာ ဒီကနေ့ နေ့လည်ပိုင်းက ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ရွာသားတွေ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ 

ဒီကနေ့ နေ့လည် ၁၁ နာရီခွဲအချိန်ခန့်က တံခွန်တိုင်ရဲစခန်းမှာ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့နဲ့ ရဲနဲ့ နယ်ခြားစောင့်တပ် BGF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ တံခွန်တိုင်ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

"ခန့်မှန်းခြေ ၁၁ ခွဲလောက်မှာ။ ကေအန်ယူနဲ့ BGFလို့ ကြားသိရတယ်။ 

အခုထိ ပစ်နေတုန်းပဲ။ လက်နက်အကြီးရော အသေးရောပဲ။ စာသင်ကျောင်းရှေ့မှာ လက်နက်ကြီးပါကျတယ်။အထိခိုက်အကျဆုံတော့း မသိရသေးဘူး။ တံခွန်တိုင်ရဲစခန်းမှာ ရဲနဲ့ BGF တို့ရှိတယ်

ပြီးခဲ့တဲ့ရက်က စခန်းဘက်ကလူတွေ နည်းနည်းလေးရန်စတာများလို့ ။ စခန်းမှာလည်း ခဏခဏ သေနတ်ပစ်ဖောက်တယ် လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

တိုက်ပွဲဖြစ်ပွားရာနေရာကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုဘက်က တပ်ဖွဲ့တွေ စစ်ကူသွားရောက်နေပြီးလို့လည်း ကြားသိရပါတယ်။ 

ပစ်ခတ်ဖြစ်ပွားတဲ့နေရာဟာ ပြီးခဲ့တဲ့ ဧပြီလက အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုနဲ့ BGF နယ်ခြားစောင့်တပ်ဖွဲ့တို့ ပူးပေါင်းပြီး တံခွန်တိုင်ရဲစခန်းမှာ လာရောက်တပ်စွဲတဲ့အတွက် ကျေးရွာသားတွေက တပ်တွေပြန်လည်ရုတ်သိမ်းပြီး မူလနေရာကို ပြန်သွားကြဖို့ ဆန္ဒဖော်ထုတ်ခဲ့ပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလပိုင်းက ရဲစခန်းအတွင်း စစ်အုပ်စုအဖွဲ့တွေက လက်နက်ရမ်းသမ်းပစ်ခတ်တာကြောင့် ကျေးရွာသားတွေရဲ့ ဥယျာဉ်ခြံနဲ့ မွေးမြူရေးနေရာတွေမှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံများ ထံမှ သိရပါတယ်။


Thoolei News - KNU -Department Of Information

https://www.facebook.com/KNUDOIHQ/

ဝင်းရေးမြို့နယ် တံခွန်တိုင်ကျေးရွာတွင် တိုက်ပွဲဖြစ်၊ရွာသားတစ်ချို့တိမ်းရှောင်နေရ ဝင်းရေးမြို့နယ် တံခွန်တိုင်ကျေးရွာတွင် တိုက်ပွဲဖြစ်၊ရွာသားတစ်ချို့တိမ်းရှောင်နေရ Reviewed by THITHTOOLWIN on 21:34 Rating: 5

No comments:

Powered by Blogger.