စစ်​ကောင်စီ လက်နက်ကိုင်​တွေ ​လေယာဥ်ဖြင့် လာပစ်သည့်အတွက် တနိုင်း ​ရွှေ​​မှော်က ပြည်သူတစ်ဦး​သေဆုံး



4 June 2021-Kachinwaves 

ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ ကေအိုင်အေ တပ်မဟာ(၂) တပ်ရင်း (၁၄)နယ်​မြေ ဒရူ ​ကျေးရွာနား တလူး​ရွှေ​မှော်ကို စစ်ကောင်စီတပ်များ ဇွန်၃ရက်နေက ဂျက်လေယာဥ်များဖြင့် ဇွန် ၃ ရက်​နေ့  နေ့လယ် ၁၂နာရီခွဲခန့်တွင် ဗုံးလာပစ်ပေးသည့်အတွက် ဒေသခံတစ်ဦး သေဆုံးခဲ့ရသည်။

အဆိုပါ ​ရွှေ​မှော်သည် ရွှေမျောစက်ဆိုင်းပေါင်း ၄၀၀ နဲ့ ၅၀၀ ကြားမှာရှိ ပြီး စစ်​ကောင်စီ လက်နက်ကိုင်​​တွေ ​​ငွေအ​မြောက်အများ ဝင်​​နေသည့် ​ရွှေ​မှော်လည်းဖြစ်​ကြောင်း သိရသည်။

 မေ ၂၇ ရက် မတိုင်ခင် အထိ စစ်​ကောင်စီ လက်နက်ကိုင်​​တွေက ထိုင်​နေတာဖြစ်​သော်လည်း လက်ရှိ အချိန် ​ကေအိုင်​အေက ​ပြန်လည် ​နေထိုင်​နေတာကို စစ်​ကောင်စီက ​လေယာဥ်ဖြင့် ပြန်လည် တိုက်ခိုက်​နေခြင်းဖြစ်သည်။ 

" တလူး​ရွှေ​မှော် စျေးတန်းထဲက အန်တီကြီး တစ်ယောက် ဗုံကြဲတဲ့အထဲ ပါသွားတယ်။ တလူးစျေးတန်း ရွှေဥ ရွှေဆိုင်နဲ့ ဘေးက သွင်ခုံ ဆိုင် အဲဆိုင် ၂ဆိုင်ကြား ဗုံးကြတာသွင်ခုံဆိုင်က အန်တီ ဆုံးတာ"ဟု ​ဒေသခံ တစ်ဦးကဆိုသည်။ 

ဗုံးပေါက်ကွဲခြင်းကြောင့် ခင်ပွန်းဖြစ်သူ ဦးမောင်လွင်သည် ထိခိုက်ဒဏ်ရာရပြီး ဇနီးဖြစ်သူ ဒေါ်နီနိုင်မိုး အသက်(၄၃)နှစ်သည် ထိခိုက်ဒဏ်ရာပြင်းထန်၍ သေဆုံးခဲ့ရခြင်းဖြစ်သည်။ 

​ရွှေဆိုင်တစ်ဆိုင်လည်း မီး​လောင်သွား​ကြောင်းသိရသည်။ 

 မေ ၂၉ ရက်နေ့မှာလည်း  စစ်​ကောင်စီ လက်နက်ကိုင်​တွေက  ဂျက်လေယာ ဥ် ၄စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် တလူး က စာသင်​ကျောင်း ပျက်စီးသွား​ကြောင်း သိရသည်။


Kachinwaves 

https://www.facebook.com/kachinwavesnews

စစ်​ကောင်စီ လက်နက်ကိုင်​တွေ ​လေယာဥ်ဖြင့် လာပစ်သည့်အတွက် တနိုင်း ​ရွှေ​​မှော်က ပြည်သူတစ်ဦး​သေဆုံး စစ်​ကောင်စီ လက်နက်ကိုင်​တွေ ​လေယာဥ်ဖြင့် လာပစ်သည့်အတွက် တနိုင်း ​ရွှေ​​မှော်က  ပြည်သူတစ်ဦး​သေဆုံး Reviewed by THITHTOOLWIN on 21:36 Rating: 5

No comments:

Powered by Blogger.