ဒေါပုံမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့အပစ်ခံရ

မေလအတွင်း ရန်ကုန်မြို့ထဲမှာ တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ

ရန်ကုန်တိုင်း ဒေါပုံမြို့နယ် ဗမာအေး ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ကားထဲမှာ ထိုင်နေရင်း သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ မျက်မြင်သက်သေတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

အဲဒီမျက်မြင်သက်သေရဲ့ ပြောဆိုချက်အရ သူဟာ ပစ်ခတ်ခံရမှုကြောင့် သေဆုံးတယ်လို့ ယူဆနိုင်ဖွယ်ရှိပြီး သီးခြားအတည်ပြုချက်တော့ မရရှိသေးပါဘူး။

သူဟာ ရပ်ကွက်အုပ်ချုပ်ရေးရုံးကအပြန် မင်းနန္ဒာလမ်းနဲ့ ရွှေဖူးမျှော်လမ်းထောင့်မှာ အပစ်ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အဲဒီရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတ်လတုန်းက ခန့်အပ်ထားတဲ့ ပြည်ခိုင်ဖြိုးပါတီဝင် ဦးထွန်းရီလို့ လတ်တလော သိရှိထားရပြီး သူဟာရပ်ကွက်တွင်းက လူတွေနဲ့လည်း ဆက်ဆံရေး အဆင်ပြေသူ ဖြစ်တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီပစ်ခတ်ခံရမှုနဲ့ ပတ်သက်လို့ ရဲနဲ့ စစ်တပ်က စစ်ဆေးနေပေမယ့် ဘယ်သူတွေ ပစ်ခတ်သွားလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

ဒေါပုံမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့အပစ်ခံရ  ဒေါပုံမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့အပစ်ခံရ Reviewed by THITHTOOLWIN on 23:24 Rating: 5

No comments:

Powered by Blogger.