ပလက်ဝမြို့ရဲစခန်းတွင်ဖမ်းထားသည့်ချင်းလူငယ် ၅ ဦးကို လက်ထိပ်ခတ်ပြီး စစ်တပ်၀န်းအတွင်းခေါ်ဆောင်သွား


ချင်းပြည်နယ် ပလက်ဝမြို့တွင် အဖမ်းဆီးခံချင်းလူငယ် ၅ ဦးကို ယနေ့ဇွန်လ ၁၇ ရက်နေ့တွင် လက်ထိပ်ခက်ကာ ၂၈၉ တပ်ရင်း ဖက်သို့ခေါ်ဆောင်သွားဟု သိရသည်။

အဖမ်းဆီးခံ ချင်းလူငယ် ၅ ဦးကို ဇွန်လ ၁၇ ရက်နေ့တွင် မြို့နယ်တရားသူကြီးမှ စစ်ဆေးခဲ့ပြီး ရဲလုပ်ငန်းများ ဆောင်ရွက်ရန် ဇွန်လ ၃၀ ရက်နေ့ကို ရုံးချိန်းသက်မှတ် ခဲ့ပြီးနောက် ခမရ  (၅၁၁) တပ်ရင်းမှူးမှ ဦးစီးခေါ်ဆောင်သွားကြောင်း သိရသည်။ 

ပလက်ဝမြို့တွင်  မေလ ၂၈ ရက်နေ့က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နောက်ပိုင်းဖမ်းဆီးခံခဲ့ရသူ (၁၈) ဦးထဲမှ ၅ ဦးကို ပြန်မလွှတ်သေးပဲ ဆက်လက်ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း သိရသည်။

ထွေအုပ်ရုံးရှေ့ နှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် မေလ ၂၈ ရက်နေ့မနက်က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ ပြီးနောက် အာဏာသိမ်းစစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းတွင်အလုပ်လုပ်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၁၂ ဦးကို ပြန်လည်လွှတ်ပေးကာ (၆) ဦးကို ဆက်လက်ထိန်းသိမ်းထားပြီး တစ်ဦးမှာ မကြာသေးမှီကပြန်လွတ်ကာ ယခုချိန်ထိ (၅) ဦး ထိန်းသိမ်းထားဆဲဖြစ်သည်။


Chin World

https://www.facebook.com/Chin-World-167011980026853

ပလက်ဝမြို့ရဲစခန်းတွင်ဖမ်းထားသည့်ချင်းလူငယ် ၅ ဦးကို လက်ထိပ်ခတ်ပြီး စစ်တပ်၀န်းအတွင်းခေါ်ဆောင်သွား ပလက်ဝမြို့ရဲစခန်းတွင်ဖမ်းထားသည့်ချင်းလူငယ် ၅ ဦးကို လက်ထိပ်ခတ်ပြီး စစ်တပ်၀န်းအတွင်းခေါ်ဆောင်သွား Reviewed by THITHTOOLWIN on 22:05 Rating: 5

No comments:

Powered by Blogger.