ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကြေညာချက်အမှတ်(၃၁/၂၀၂၁)


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

ကြေညာချက်အမှတ်(၃၁/၂၀၂၁)

၁၃၈၃ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်

ဇွန်လ (၂၂)ရက် ၊၂၀၂၁ ခုနှစ်


အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးချုပ်မှ ၂၀၂၁ ခုနှစ် ၊ ဇွန်လ ၁၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသို့ ဒုတိယသမ္မတအား ယာယီသမ္မတ (Acting President) အဖြစ် ပြောင်းလဲခေါ်ဝေါ်သုံးစွဲရန် သဝဏ်လွှာ တစ်စောင်ပေးပို့လာပါသည်။

နိုင်ငံတော်၏ သမ္မတကြီး ဦးဝင်းမြင့်အား တရားမဝင်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းစီး ထားစဉ်အတွင်း ဒုတိယသမ္မတကြီးက ယာယီသမ္မတအနေဖြင့် ဆောင်ရွက်နေခြင်းဖြစ်သဖြင့် ယာယီသမ္မတ (Acting President) အဖြစ် ခေါ်ဝေါ်သုံးစွဲရန် အတည်ပြုထုတ်ပြန်ကြေညာလိုက်သည်။

 (၂၁-၆-၂၀၂၁ CRPH အစည်းအဝေးဆုံးဖြတ်ချက်အရ )

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


Committee Representing Pyidaungsu Hluttaw - CRPH 

https://www.facebook.com/crph.official.mm/

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကြေညာချက်အမှတ်(၃၁/၂၀၂၁) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ  ကြေညာချက်အမှတ်(၃၁/၂၀၂၁) Reviewed by THITHTOOLWIN on 20:53 Rating: 5

No comments:

Powered by Blogger.