မိုင်းဆတ်မြို့ လူငယ်အချင်းချင်း ရန်ဖြစ်ရာ တစ်ဦးသေ


ဇွန် ၉ ရက် ၂၀၂၁

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့ရှိ လူငယ်အချင်းချင်း ရန်ဖြစ်ရာ လူသတ်မှု ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

ဇွန် ၆ ရက်တွင် မာဖီယားဂိုဏ်းပုံစံဖြင့် ဖွဲ့စည်းထားသည့် (White Star) အဖွဲ့ဆိုသူသည် လူအင်အား (၃၀) ခန့်ဖြင့် ဓါး၊ တုတ်၊ သံကြိုးများနှင့် ရိုက်နက်ခဲ့ကြောင်း သတင်းရရှိသည်။

“အပန်းဖြေနေရာ တစ်ခုမှာ တစ်ဖွဲ့ (၂) ယောက်စီ နဲ့ အရက်ထိုင်သောက်နေကြတယ်။ အဲ့ချိန်မှာ  အချင်းချင်း စကားများ ရန်ဖြစ်လိုက်ကြတာ။ ဟိုက အဖွဲ့(၃၀) လောက်ခေါ်ပြီး ရိုက်လိုက်တာ။ အဲ့မှာ လူအင်အားနည်းတဲ့ (၂)ယောက်က တဦးက ဒဏ်ရာရတယ်။ တဦးက သေသွားတယ်” ဟု မိုင်းဆတ်ဒေသခံ တစ်ဦး ကပြောသည်။

အဆိုပါ ရိုက်နက်မှုကြောင့် သေဆုံးသွားသည့် အမျိုးသားတဦးသည်  အသက် (၂၀) အရွယ်သာရှိသေးကြောင်း၊  ကျန်တစ်ဦးသည် ကျိုင်းတုံဆေးရုံသို့ ဆေးကုသမှု ခံယူနေကြောင်း သိရှိရသည်။

 “လူငယ်အချင်းချင်း စကားများ ရန်ဖြစ်ကြပြီး လူသတ်မှုအဆင့်ဖြစ်သွားတာ။ တစ်ယောက်သေဆုံးပြီး တစ်ယောက် ကတော့ ကျိုင်းတုံဆေးရုံမှာ အရေးပေါ်ဆေးကုသမှုယူနေတယ်။ အသက်ရှင်ဖို့အတွက်က (၅၀) (၅၀) ဦးနှောက်ခွဲထား ရတယ်” ဟု ဒေသခံ တစ်ဦးကပြောသည်။

အဆိုပါ ရိုက်နက်သည့် အဖွဲ့ (၃၀) ခန့်ရှိ လူငယ်များထဲမှ တစ်ဦးကိုသာ ဖမ်းမိပြီး ကျန်သည့်သူ အားလုံး ထွက်ပြေးသွား ခဲ့ကြောင်း သတင်းရရှိသည်။

ထိုသေဆုံးသွားသည့် လူငယ်သည် တစ်ဦးတည်းသော သားဖြစ်ပြီး ယနေ့ ဇွန် (၉) ရက် တွင် သဂြိုလ်ခဲ့ကြောင်း သိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

မိုင်းဆတ်မြို့ လူငယ်အချင်းချင်း ရန်ဖြစ်ရာ တစ်ဦးသေ မိုင်းဆတ်မြို့ လူငယ်အချင်းချင်း ရန်ဖြစ်ရာ တစ်ဦးသေ Reviewed by THITHTOOLWIN on 20:33 Rating: 5

No comments:

Powered by Blogger.