ဥသျှစ်ပင်မြို့မှာ ဖမ်းလိုသူကို မတွေ့တာကြောင့် မိခင်နဲ့ဇနီးကို ဖမ်းသွား

ဥသျှစ်ပင်မြို့မှာ ဖမ်းလိုသူကို မတွေ့တာကြောင့် မိခင်နဲ့ဇနီးကို ဖမ်းသွား ပဲခူးတိုင်းဒေသကြီး၊ ဥသျှစ်ပင်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ မတ် ၇ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ် / ဓာတ်ပုံ - နွေဦးတော်လှန်ရေး - ဥသျှစ်ပင်

ပဲခူးတိုင်းအနောက်ခြမ်း ဥသျှစ်ပင်မြို့မှာနေထိုင်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုမင်းမင်းဦးရဲ့ နေအိမ်ကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက ဇွန်လ ၂ ရက် မနေ့မနက်ပိုင်းက ဝင်ရောက်ရှာဖွေဖမ်းဆီးချိန် ကာယကံ ရှင်ကို မတွေ့တာကြောင့် မိခင်ဖြစ်သူနဲ့ ဇနီးဖြစ်သူကို ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလ (၂) ရက်နေ့က ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်၊ လမ်းမတော်လမ်းက ကိုမင်းမင်းဦးရဲ့နေအိမ်ကို စစ်သားတွေက ဝင်ဖမ်းချိန် ကိုမင်းမင်းဦးက တိမ်းရှောင်နေတာကြောင့်၊ အသက် ၆၀ အရွယ် မိခင်နဲ့ အသက် ၄၀ ကျော် အရွယ် ဇနီးဖြစ်သူကို ဖမ်းသွားတာလို့ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။ ကိုမင်းမင်းဦးကတော့ လက်ရှိ လုံခြုံနဲ့နေရာတစ်ခုမှာ ပုန်းရှောင်နေရတယ်လို့လည်း အဲဒီဒေသခံက ဆိုပါတယ်။

ဥသျှစ်ပင်မြို့မှာ ဇွန်လ ၁ ရက်နေ့ ည ၁၀ နာရီအချိန်လောက်က ရတနာပုံရပ်ကွက်၊ အင်ကြင်း (၇) လမ်းက စစ်ကောင်စီ ထောက်ခံတဲ့ နေအိမ်တစ်ခုမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သေးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/mother-and-wife-arrested-in-okeshitpin-06032021054224.html

ဥသျှစ်ပင်မြို့မှာ ဖမ်းလိုသူကို မတွေ့တာကြောင့် မိခင်နဲ့ဇနီးကို ဖမ်းသွား ဥသျှစ်ပင်မြို့မှာ ဖမ်းလိုသူကို မတွေ့တာကြောင့် မိခင်နဲ့ဇနီးကို ဖမ်းသွား Reviewed by THITHTOOLWIN on 23:26 Rating: 5

No comments:

Powered by Blogger.